ထိုင်းနိုင်ငံတွင် မွတ်ဆလင်စစ်သွေးကြွများ၏ အကြမ်းဖက်မှုအပေါ် စိုးရိမ်မှုမြင့်တက်


ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများက မွတ်ဆလင် စစ်သွေးကြွများ၏ အကြမ်းဖက် ရန်ပြုမှုအတွက် စိုးရိမ်ရနိုင်ခြေကို မြင့်တက်လာစေသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံတောင်ပိုင်းတွင် ကားဗုံးကွဲမှု (၃) ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၄)ဦး သေဆုံးသွားကြောင်း သိရသည်။ စနေနေ့က စီးပွားရေး အချက်အချာ ကျသော နေရာများ၊ လူအများ စည်ကားသွားလာနေသော နေရာများတွင် ဗုံးကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ ပရီပန် ဒါမာပွန်က တနင်္ဂနွေနေ့ မနက်ပိုင်းတွင် နောက်ထပ် ကားဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြောဆိုသွားသည်။

ဟတ်ယိုင်မြို့ရှိ အဆင့်မြင့် ဟိုတယ်တစ်ခုအနီး ဖြစ်ပွားသော ပေါက်ကွဲမှုတွင် လူ(၃)ဦး သေဆုံးကာ အနီးရှိ McDonald စားသောက်ဆိုင်တစ်ခုတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေး တာဝန်ရှိသူများက ယခုကိစ္စသည် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုအဖြစ် ကြေညာထားသော ထိုင်းအစိုးရ လက်အောက်မှ ရုန်းထွက်ကာ ကိုယ်ပိုင်သီးခြား ခွဲထွက်ချင်သည့် မွတ်ဆလင် စစ်သွေးကြွများ၏ လက်ချက် အဖြစ် စွပ်စွဲထားသည်။

စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် အများစုနေထိုင်ရာဒေသ(၃)ခုတွင် အချက်အချာအကျဆုံး ယာလာမြို့အတွင်းပေါက်ကွဲမှုများ စတင်ပေါ်ပေါက်ခဲ့သည်။ လူစည်ကားရာ စားသောက်ဆိုင်တန်းများ တည်ရှိသော နေရာတွင် ဗုံးကွဲပြီး မိနစ်(၂၀)အတွင်း ပထမဗုံးကွဲသော နေရာအနီး လူအများ စုရုံးနေစဉ် ဗုံးထပ်ကွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူစုလူဝေးတွင် ထိခိုက်ခဲ့ပြီး အသေအပျောက် များသွားခြင်းဟု သိရသည်။

ဒေသဆိုင်ရာ စစ်တပ်မှဗိုလ်မှူးကြီး ပရာမိုတီပရိုမင်က ဒေသခံသတင်းဌာနများအား ယခုကိစ္စသည် မွတ်ဆလင်စစ်သွေးကြွများ၏ လက်ချက်ဟု ယုံ ကြည်ရကြောင်း အတည်ပြု ပြောဆိုသွားသည်။ အဆိုပါ ဒေသများတွင် မွတ်ဆလင် ဘာသာဝင်များနှင့် စစ်တပ်ကြား ပြဿနာများသည် တင်းမာအေး စက်နေပြီး ဇန်န၀ါရီလက စစ်တပ်စခန်း တစ်ခုအနီးတွင် လက်ပစ်ဗုံး ပေါက်ကွဲပြီးနောက် စစ်တပ်က အရပ်သား (၄)ဦးကို ပတ်တာနီဒေသတွင် ပစ်သတ် ခဲ့သည်။ ထို့အပြင် ထိုင်းစစ်သား တစ်ဦးနှင့် မွတ်ဆင်လင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး လိင်ဆက်ဆံနေသည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက်   နိုင်ငံတောင်ပိုင်းတွင် ပြဿနာများ ပိုမိုဆိုးရွားလာပြီး စစ်သားများကို ဦးတည် တိုက်ခိုက်မှုများ ဖြစ်လာသည်။ မတ်လ (၈)ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် ရွာသားများကို စောင့်ရှောက် လိုက်ပါလာသော စစ်သား (၄)ဦးသည် စစ်သွေးကြွများ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

Source: WSJ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: