နိုင်ငံတော် အရင်းရှင်ဝါဒ State Capitalism


တစ်ဆယ့် ငါးနှစ်မျှ ကာလ အတွင်းမှာ ရင်သပ်ရှုမောအံ့သြ လောက်တဲ့ ကော်ပိုရိတ်ဌာနချုပ် ဧရာမ အဆောက် အအုံကြီးတွေဟာ ထွန်း သစ်စကမ္ဘာရဲ့ မြို့ကြီးပြကြီးတွေကို ကြောက်ခမန်းလိလိ ပြောင်းလဲပစ်ခဲ့တယ်။

ကြည့်ပါလား။ တရုတ်ပြည်က တရုတ်ဗဟို ရုပ်သံ-China Central Television အဆောက်အအုံ။ ဧရာမ ဂြိုဟ် သားတစ်ယောက် ပေကျင်းမြို့ တော်ရဲ့ မိုးကုပ်မျဉ်းကို ဖြတ်သန်းကျော်လွှားပြီး ချီတက်နေတဲ့အတိုင်း။ မလေးရှားနိုင်ငံက ရေနံကုမ္ပဏီကြီးရဲ့ အထပ်ပေါင်း ၈၈ ထပ်ရှိတဲ့ ပီထရိုနပ်မိုးမျှော် အဆောက်အအုံ Petronas Towers ညီနောင်ကလဲ ထိုးထိုးထောင်ထောင်နဲ့ ညဘက်မှာ ကြယ်တွေကိုဖမ်းစားဖို့ ဟန်တပြင့်ပြင်နဲ့။

ရုရှားနိုင်ငံက ဧရာမဘဏ်လုပ်ငန်းကြီး VTB ရဲ့ ဌာနချုပ် အဆောက်အအုံကလဲ ကိုယ်ရောင်ကိုယ်ဝါ တဖိတ်ဖိတ်တောက်ပပြီး မော်စကိုမြို့တော်အလယ် ဗဟို ဘဏ္ဍာရေးရပ်ကွက်မှာ စိုးစံတော်မူ လေရဲ့။ တကယ်တော့ ဒီမြင်ကွင်းတွေဟာ မျိုးစပ်ထားတဲ့ ကော်ပိုရေးရှင်း -Hybrid Corporation သစ်တစ် မျိုး ပေါက်ပွားလာမှုကို သရုပ်ဖော်ထားတဲ့ အထိမ်းအမှတ်သင်္ကေတတွေဖြစ် ပါတယ်။ ဒီမျိုးစပ်ကော်ပိုရေးရှင်းကြီးတွေကို သက်ဆိုင်ရာအစိုးရတွေကပိုင် ဆိုင်ကြပေမယ့် လုပ်ငန်းဆောင်ရွက် ကြတဲ့အခါကျတော့ ပုဂ္ဂလိကကဏ္ဍကလုပ်ဆောင်တဲ့ပုံစံနဲ့လုပ်ကိုင်ကြတယ်။

ဒီလိုလုပ်ဆောင်မှုကို အခုနေအခါမှာ နိုင်ငံတော်အရင်းရှင်ဝါဒ- State Capitalism လို့ခေါ်ဝေါ်သမုတ် ကြတယ်။ ဒီတော့ ဒီဝါဒဘယ်လို စတင်ပေါ်ထွန်းလာခဲ့သလဲ။ အောင် မြင်မှုကောရှိရဲ့လား။ ရှေ့အလားအလာ ကောင်းရဲ့လားလို့ သိချင်ကြမှာပါ။ သမိုင်းအကျဉ်းချုပ် နိုင်ငံတော် အရင်းရှင်ဝါဒဟာ အဆန်းအသစ် ဆိုပေမယ့် အသစ် အဆန်းဝါဒလဲ မဟုတ်ပါဘူး။ နေ မဝင်တဲ့ ဗြိ တိသျှအင်ပါယာခေတ် ကာလက အရှေ့အိန္ဒိယကုမ္ပဏီ East India Company အထိ နောက် ကြောင်းပြန်မယ်ဆိုရင် ပြန်လို့ရတယ်။

အဲဒီကုမ္ပဏီလဲ ပုဂ္ဂလိက အရေခြုံ ထားတဲ့ ဗြိတိသျှအစိုးရပိုင် ကုမ္ပဏီ တစ်မျိုးပါ။ ကူးသန်းရောင်းဝယ်ရေး လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာရှကို ရွက်လှေကြီးတွေနဲ့ ရောက် လာခဲ့ကြပြီး ဟိုဟာ တောင်းဆို ဒီဟာတောင်းဆို လုပ်ခဲ့ကြကာ မရရင် နောက်ဆုံးမှာ ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနဲ့နေကြတဲ့ အာရှနိုင်ငံ တွေကို သိမ်းပိုက်ခဲ့ကြတယ်။ အမေရိကန် ပြည်ထောင် စုရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ဝါရှင် တန်- George Washington ဟာ ၁၇၈၉ ခုနှစ်၊ စက်တင်ဘာလမှာ အလက် ဇန္ဒား ဟမ် မီလ် တန် Alexander Hamilton ကို ဘဏ္ဍာ ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီးပါပဲ။

နှစ်နှစ်ကြာ တော့ ဟမ်မီလ်တန်က လွှတ်တော်သို့ ကုန်ချောထုတ်လုပ်ငန်းများရဲ့ အခြေ အနေနဲ့ပတ်သက်ပြီး အစီရင် ခံစာ တစ်စောင်တင်သွင်းတယ်။ သူက နု နယ်သေးတဲ့ အမေရိကန်စီးပွားရေး ရှင်သန်လာအောင် အထောက်အကူ ပေးချင်တယ်။

အဲဒီတုန်းက ဟမ် မီလ်တန် အနေနဲ့ ဘောဂဗေဒပညာရှင်ကြီး အဒမ်စမစ်-Adam Smith ရဲ့ မမြင်ရ တဲ့လက် -invisible hand ကိုလဲ စောင့်ဆိုင်းနေစရာမလိုတော့။ အမေရိကန်နိုင်ငံရဲ့ မွေးကင်းစစက်မှုလုပ်ငန်း တွေ ငည်ညေအ ငညိကျအမငနျ ကို သွင်းကုန် ခွန်-ွှမေင်ျ စည်းကြပ် ပြီး အကာ အကွယ် ပေးဖို့လိုအပ် လာခဲ့တယ်။ ဒါမှပဲ စက်မှုလုပ်ငန်းတွေက ရှင်သန် လာမှာကိုး။ ဒီတော့ အရင်းရှင်ဝါဒ ဆိုပေမယ့် နိုင်ငံတော်က ဝင်ပါလာခဲ့ရတယ်။

ကန်နိုင်ငံရဲ့ မွေးကင်းစစက်မှုလုပ်ငန်း တွေ infant industries ကို သွင်းကုန် ခွန်-Tariffs စည်းကြပ် ပြီး အကာ အကွယ် ပေးဖို့လိုအပ် လာခဲ့တယ်။ ဒါမှပဲ စက်မှုလုပ်ငန်းတွေက ရှင်သန် လာမှာကိုး။ ဒီတော့ အရင်းရှင်ဝါဒ ဆိုပေမယ့် နိုင်ငံတော်က ဝင်ပါလာခဲ့ရ တယ်။ ဆိုလိုတာကတော့ နိုင်ငံတော် အရင်းရှင်ဝါဒဆိုတာဟာ အရင်းရှင် ဝါဒ သက်ဆိုးရှည်နေသလောက် အကွေ့အချိုး တစ်ထောင့်တစ်နေရာ မှာ ရှိနေခဲ့တာပါ။ တကယ်တော့ တိုးတက်လာတဲ့ အာဏာပါဝါတိုင်း ဟာ စီးပွားရေးတိုးတက်ဖို့အတွက် ကနဦးမှာ နိုင်ငံတော်ကို အမှီသဟဲ ပြုကြရတာပါ။ အနည်းဆုံးတော့ အားပျော့နေတဲ့ စက်မှုလုပ်ငန်းတွေ ကို နိုင်ငံတော်က စောင်မကြည့်ရှု အကာအကွယ်ပေးရစမြဲဖြစ်ပါတယ်။

လွတ်လပ် တဲ့ ကုန်သွယ် မှုအတွေး အခေါ်ကို ကမ္ဘာ့ဇာတ်ခုံပေါ် ဆွဲတင် ပေးခဲ့တဲ့ ဗြိတိန်တောင်မှ East India Company အသွင်သဏ္ဌာန်နဲ့ ဧရာမ အမျိုးသား ချန်ပီယံလုပ်ငန်းကြီးကို ပုံဖော်ဖန်ဆင်းခဲ့ရသေးတယ် မဟုတ် လား။ စားသုံးမှုနှင့်အတူ စက်မှုမူဝါဒ Industrial Policy အတွက် ဆန္ဒရမ္မက် ကလဲ ကြီးထွားလာခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ ခေတ်ယဉ် ကျေးမှုတစ်ခုပမာ ဖြစ်လာခဲ့တယ်။ ဥရောပသားတွေက စက်မှုလုပ်ငန်း ကြီးတွေနဲ့ လူမှုဖူလုံရေးအတွက် တာ ဝန်ယူစောင့်ရှောက်ပေးတဲ့နိုင်ငံတွေ Welfare States ထူထောင်လာခဲ့ကြ တယ်။ အာရှတိုက်သားတွေဟာ အမျိုးသားချန် ပီယံလုပ်ငန်းကြီးတွေ မှာ သယံဇာတရင်းမြစ်တွေကို ပုံအော ခဲ့ကြတယ်။

မကြာသေးသောကာလက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး- Privatisation နဲ့ စည်းကမ်းလျှော့ချရေး- Deregulation တွေ ခေတ်စားခဲ့တယ် ဆိုပေမယ့် နိုင်ငံတော်လှုပ်ရှားပြောင်း လဲရေးဝါဒ- State Activism ရဲ့ ရှည် လျားတဲ့ခေတ်က အင်မတန်အင်အား ကြီးမားတဲ့ အမွေအနှစ်တွေကို အံ့သြ စရာကောင်းလောက်အောင်ြ>ွခင်းချန် ထားခဲ့တယ်။ ချမ်းသာတဲ့ကမ္ဘာမှာ ဒီကနေ့အထိ အစိုးရပိုင် ဒါမှမဟုတ် အစိုးရကြိုးကိုင်တဲ့ ကုမ္ပဏီကြီးတွေ ရှိနေတုန်းပဲ။ သာဓကအားဖြင့် ပြင်သစ်အစိုးရ ဟာ စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ EDF ကို ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားတယ်။ ဂျပန်ဟာ Japan Tobacco ကို ၅ဝ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ဂျာမနီဟာ Deutsche Telekom ကို ၃၂ ရာခိုင်နှုန်းပိုင်ဆိုင်ထားတယ်။

ဒီ အရေအတွက်ဟာ တဖြည်းဖြည်း တိုး ပွားလာတယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့- OECD အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံပိုင်လုပ်ငန်းများသာ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ နှစ်ထရီလီယံလောက်ရှိပြီး စုစုပေါင်း အလုပ်သမားအင်အားကလဲ ခြောက် သန်းလောက်ရှိတယ်လို့ ဆိုတယ်။ ဒီကနေ့ လူအများသိရှိနေကြတဲ့ နိုင်ငံတော်အရင်းရှင်ဝါဒသစ် ပုံစံဟာ ကနဦးမှာ စင်ကာပူနိုင်ငံက စတင်ခဲ့ တယ်လို့ဆိုကြတယ်။ စင်ကာပူနိုင်ငံ ကို တည်ထောင်ခဲ့တဲ့ Lee Kuan Yew ဟာ နှစ်ပေါင်း ၃ဝ ကျော် လောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ခဲ့ပြီး အာရှတန်ဖိုး Asian Values ကိုမြှင့်တင်ခဲ့တယ်။ သူ့ရဲ့ အာရှတန် ဖိုးဆိုတာကလဲ မိသားစုတန်ဖိုးများနဲ့ အာဏာရှင်ဆန်မှုကို ရောမွှေထားတာ ပါ။ သူက စင်ကာပူနိုင်ငံ တိုးတက် ဖို့အတွက်ဆိုရင် ကမ္ဘာ့ကော်ပိုရေးရှင်း ကြီးတွေကို မက်လုံးပေးဆွဲဆောင်ဖို့ လိုတယ်လို့ ကြိုပြီးမြင်ခဲ့တယ်။

ပြောင်းလဲလာတဲ့ ကမ္ဘာ့ဖြစ်ရပ် တွေက စင်ကာပူကို အထောက်အကူ ပေးခဲ့တယ်။ အစ္စရေးနဲ့ဖြစ်ပွားတဲ့ Yom Kippur စစ်ပွဲနောက်ပိုင်းမှာ အာရပ်ရေနံနိုင်ငံတွေက ရေနံဈေးနှုန်း ကို လေးဆလောက်မြှင့်တင်လိုက်ကြ တယ်။ ကမ္ဘာ့စီးပွားရေးမှာ အင်အား ချိန်ခွင်ညှာ ပြောင်းသွားတယ်။ အာရပ် အစိုးရတွေဟာ တန်ဖိုးကြီးမားလာတဲ့ သူတို့ရဲ့ ရေနံကုမ္ပဏီကြီးတွေကို ချုပ်ကိုင်လာခဲ့ကြတယ်။ သူတို့ရဲ့ စီး ပွားရေးလဲ ကောင်းလာခဲ့ပြီး ငွေပိုငွေ လျှံတွေ စုမိဆောင်းမိလာကြတယ်။ ရေနံဝယ်ယူသုံးစွဲနေရတဲ့ တရုတ်နိုင်ငံ ကလဲ စဉ်ဆက်မပြတ် ရေနံရရှိရေး ဟာ သူတို့အတွက် အရေးကြီး ကြောင်း သဘောပေါက်လာတယ်။ နောက်ပိုင်းမှာ တိန့်ရှောင်ဖိန် Deng Xiaoping ဟာ တရုတ်ပြည်ကို ပြောင်းလဲပစ်ခဲ့တယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် စင်ကာပူမော်ဒယ်ကို ပုံတူကူးချတယ်။ ဂလိုဘယ်လိုက်ဇေး ရှင်း Globalisation ကိုပိုက်ထွေးပြီး စီးပွားရေးဇုန်တွေ ထူထောင်ကာ နိုင်ငံ ခြားကုမ္ပဏီတွေကိုဖိတ်ခေါ်တယ် ။ တရုတ်ပြည်က နိုင်ငံပိုင်လုပ်ငန်းကြီး တွေကို အနောက်နိုင်ငံတွေရဲ့ကုမ္ပဏီ မော်ဒယ်တွေ အတုယူပြီး လုပ်ကိုင် ကြဖို့ဆော်သြတယ်။ သူဟာ တရုတ် ပြည်ရဲ့ ရင်းမြစ်တွေကို အမျိုးသားချန် ပီယံလုပ်ငန်းကြီးတွေမှာ ပုံအောအသုံး ပြုတယ်။ သုတေသနနဲ့ တီထွင်မှု လုပ်ငန်း-Research and Development- R & D တွေမှာ ရင်းနှီးမြှုပ်နှံမှု တွေလုပ်တယ်။ ဒီလိုနဲ့ တိန့်ရှောင်ဖိန် ဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံ ကို ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်ပေး ခဲ့တယ်။ နောက်ဆုံးအပြောင်းအလဲ တစ် ခုကတော့ ဆိုဗီယက်ကွန်မြူနစ်ဝါဒ ပြိုလဲသွားခြင်းပါပဲ။ အစောပိုင်းမှာ ဒီ ဖြစ်ရပ်ကို လစ်ဘရယ်ဝါဒ- Liberalism ရဲ့ မဟာအောင်ပွဲကြီးပဲလို့ ရှု မြင်ခဲ့ကြပေမယ့် နောက်တော့ ဒီလို မဟုတ်မှန်းသိလာကြတယ်။ ကွန်မြူ နစ်ဗျူရိုကရက်-Apparatchiks တွေ နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ပြီးစီးပွား ရေးကို ဝါးမျိုပစ်ခဲ့ကြတယ်။ ၁၉၉၈ ခုနှစ်မှာ ရုရှားနိုင်ငံဟာ ပြည်ပြေ<ွကးမြီ ပြန်မဆပ် နိုင်ဘဲ ဒေဝါလီခံလိုက်ရ တယ်။ နောက်ပိုင်းမှာ ရုရှားသမ္မတ Vladimir Putin ဟာ မဟာဗျူဟာ မြောက် စက်မှုလုပ်ငန်းတွေကို နိုင်ငံ တော်ကထိန်းချုပ်ပြီး နိုင် ငံတော် အရင်းရှင် ဝါဒလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တယ်။ ဆိုဗီယက် ယူနီယံ Soviet Union ပြိုလဲမှုက တရုတ် အတွက် ကြီးမားတဲ့ သင်ခန်းစာတစ်ခုရရှိခဲ့ တယ်။ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှု နိဂုံးချုပ်တဲ့တစ်နေ့မှာ တိုင်းပြည်ကစဥ့် ကလျားဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါ ကြောင့် ကွန်မြူနစ်ပါတီ မပြိုလဲရ အောင် အကောင်းဆုံးနည်းလမ်းတစ် ခုက ပုဂ္ဂလိက လုပ်ငန်းတွေကို နိုင်ငံ တော်အရင်းရှင်ဝါဒနဲ့ ပေါင်းစပ်ရော မွှေဖို့ လိုအပ်တယ်ဆိုတဲ့အချက်ဖြစ် တယ် ။

တိုးတက်လာတဲ့ နိုင်ငံတော်အရင်းရှင်ဝါဒ ၁၉၉ဝ နှစ်များအတွင်း ထွန်း သစ်စဈေးကွက် တွေ Emerging Markets တွေမှာ နိုင်ငံပိုင်ကုမ္ပဏီတွေ ဆိုတာဟာ အစိုးရဌာနသာသာပဲရှိ တယ် စီးပွားရေးကို စီးပွားရေးဆန်ဆန် မလုပ် ဘဲ ရုံးတွေမှာလို အထက်အမိန့်နဲ့လုပ် ကိုင်ကြတယ်။ နိုင်ငံပိုင်ကုမ္ပဏီတစ်ခု မအောင်မြင်ရင် ပိတ်ပစ်တယ်။ ဒါမှ မဟုတ် ပုဂ္ဂလိကပိုင်လုပ်ပစ်ကြတယ်။ နိုင်ငံတော် အရင်းရှင်ဝါဒကျင့် သုံးလာတဲ့အခါကျတော့ နိုင်ငံပိုင် ကုမ္ပဏီကို စီးပွားရေးဆန်ဆန်လုပ် ကိုင်လာကြတယ်။ အစိုးရညွှန်ကြား တဲ့ မူဝါဒအောက်မှာ တာဝန်ခံမန်နေ ဂျာတွေက နိုင်ငံပိုင်ကုမ္ပဏီတွေကို စီးပွားရေးအရ အောင်မြင်မှုရအောင် လုပ်ကြရတယ်။ အခုတော့ နိုင်ငံပိုင်အရင်းရှင် ဝါဒဟာ မျက်နှာပန်းပွင့်လာတယ်။ ကမ္ဘာ့အကြီးမားဆုံး ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကုမ္ပဏီကြီး ဆယ်ခုဟာ နိုင်ငံပိုင်ဖြစ်တယ်။ တရုတ်စတော့ ဈေးကွက်တန်ဖိုးရဲ့ ၈ဝ ရာခိုင်နှုန်းဟာ နိုင်ငံထောက်ကူပြု ကုမ္ပဏီကြီးတွေ နဲ့ပတ်သက်တယ်။ ရုရှားမှာဆိုရင်လဲ စတော့ဈေးကွက်ရဲ့ ၆၂ ရာခိုင်နှုန်းရှိ တယ်။ နိုင်ငံတော်အရင်းရှင်ဝါဒဟာ ရဲရဲ တင်းတင်းရှေ့တိုးတက်လှမ်းလာနေ တယ်။ နိုင်ငံပိုင်ကုမ္ပဏီကြီးတွေ တစ် ခုပြီးတစ်ခု ထွက်ပေါ်လျက်ရှိတယ်။ တစ်လောကမှ ထွက်ပေါ်လာတဲ့ China Mobile ဆိုရင် ဖောက်သည် သန်း ၆ဝဝ တောင်ရှိတယ်။

၂ဝဝ၃- ၂ဝ၁ဝ နှစ်များအကြား ထွန်းသစ်စ ကမ္ဘာရဲ့နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု-Foreign Direct Investment ထဲမှာ သုံးပုံတစ်ပုံဟာ အစိုးရထောက် ကူပြုလုပ်ငန်းတွေနဲ့ပတ်သက်တယ်။ အနောက်စီးပွားရေးက ယောင် တိယောင်ချာဖြစ်နေချိန်မှာ ထွန်းသစ် စဈေးကွက်တွေက တက်တက်ြ<ွကြ<ွကနဲ့ရှင်သန်လှုပ် ရှားနေကြတယ်။ တရုတ်နိုင်ငံဟာ လစ်ဘရယ်အရင်း ရှင်ဝါဒ-Liberal Capitalism ဆီ တ ဂျုံးဂျုံး တဂျက်ဂျက်နဲ့ ခုတ်မောင်းလာ တဲ့ လမ်းခရီးတစ်လျှောက်မှာ နိုင်ငံ တော်ထောက်ကူပြုလုပ်ငန်းကို ကြား ဘူးတာတစ်ခုလို့ မရှုမြင်တော့ဘူး။ မယူဆတော့ဘူး။ ရေရှည်တည်တံ့နိုင် တဲ့ မော်ဒယ်အဖြစ် ရှုမြင် လာကြ တယ်။ ယူဆလာကြတယ်။ သူတို့ အနေနဲ့ အရင်းရှင်ဝါဒကို ပိုမိုကောင်း မွန်လာအောင် ထုဆစ်ပုံဖော်နိုင်ခဲ့ပြီလို့ ထင်မြင်နေကြတယ် ။ ထွန်းသစ်စ ကမ္ဘာရဲ့ခေါင်းဆောင်များကလဲ ဒီလိုပဲ ယူဆလာခဲ့ကြတယ်။ ၁၉၉ဝ နှစ် များအတွင်းက ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အတွေးအခေါ် ကို အကောင်အထည်ဖော်ဆောင်ခဲ့တဲ့ ဘရာဇီးအစိုးရဟာ အခုတော့ နိုင်ငံ တော်အရင်းရှင်စနစ်မော် ဒယ်ကို သဘောကျလာတယ်။ တောင်အာဖရိ ကနိုင်ငံကလဲ ဒီမော်ဒယ်ကို လိုလို ချင်ချင် မျက်စပစ်လျက်ရှိတယ်။ ဒီလိုဖြစ်ပေါ်တိုးတက်လာမှုက မေးခွန်းထုတ်စရာတွေရှိလာတယ်။

ဒီမော်ဒယ်ဟာ ဘယ်လောက်အောင်မြင် နေသလဲ။ ဒီမော်ဒယ်ရဲ့ အကျိုးဆက် တွေက ဘာတွေလဲ။ လျော့နည်းသွား အထွက်နိယာမ The Law of Diminishing Returns နိုင် ငံတော်အရင်းရှင်စနစ်ကို ထောက်ခံအားပေးကြသူတွေက ဒီ မော်ဒယ်ဟာ စီးပွားရေးအရ တည်ငြိမ်မှုကိုရော၊ တိုးတက်မှုကိုပါ ဆောင် ကြဉ်းနိုင်တယ်လို့ အခိုင်အမာဆိုကြ တယ်။ ၁၉၉ဝ နှစ်များက ဘောရစ် ယဲ့လ်ဆင် Boris Yeltsin ရဲ့ လက် ထက်မှာ ပရမ်းပတာ ပုဂ္ဂလိကပိုင်ပြု လုပ်မှုက ထွန်းသစ်စနိုင်ငံ အတော် များများကို အထိတ်တလန့်ဖြစ်စေခဲ့ တယ်။ ပြီးတော့ အရင်းရှင်ဝါဒနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ် ပေါ်လာတဲ့ တင်းမာမှုတွေကိုလဲ အစိုးရက လျော့ပါးစေနိုင်လိမ့်မယ်ဆို တဲ့ အမြင်ကိုလဲ အားပေးအားမြှောက် ပြုခဲ့တယ်။ ဒီအတွေးအမြင်ကို ကနဦးလက် ကိုင်ပြုခဲ့တဲ့ စင်ကာပူအစိုးရကလဲ နိုင်ငံခြားကုမ္ပဏီတွေကို လက်ခံခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ စီမံခန့်ခွဲရေး အတွေးအခေါ်တွေကို ကြိုဆိုခဲ့တယ်။ ဒါပေမယ့် အခြားတစ်ဘက်မှာ ကုမ္ပဏီကြီးတွေရဲ့ အရင်းအနှီး အတော်များများကို အစိုးရကပိုင်ဆိုင် ထားတယ်။ ဒီမော်ဒယ်ကို လော လောဆယ် ကိုင်စွဲပြီး လုပ်ငန်းလုပ် ဆောင်နေတဲ့နိုင်ငံက တရုတ်ပြည်ဖြစ် ပါတယ်။ အခုတော့ တရုတ်နိုင်ငံမှာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပုဆိုးတန်းတင် အကြင်လင်မယားလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား ကြတယ်။ ဒီမော်ဒယ်သစ်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ထက်ဝက်လောက်က ဗြိတိန်နဲ့ အခြားနိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ နိုင်ငံပိုင် သို့မဟုတ် ပြည်သူပိုင်ပြု လုပ် ရေး-Nationalizations တွေနဲ့ လုံးဝမတူဘူး။ သိပ်ပြီး ကွာခြား တယ်။ ဒီကနေ့ တရုတ်နိုင် ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက် ရေးကုမ္ပဏီကြီးတွေဟာ ကမ္ဘာတစ် လွှားမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတော်များများ လက်ခံတည်ဆောက် လျက်ရှိကြတယ်။ တရုတ်ရဲ့အမျိုး သားချန်ပီယံကုမ္ပဏီကြီးတွေဆိုရင် နိုင်ငံခြားကုမ္ပဏီကြီးတွေကိုတောင် ဝယ် ယူသိ မ်းပိုက် နေကြတယ် ။ တရုတ်အစိုးရဟာ စီးပွားရေးအပေါ် ချုပ်ကိုင် မှုတွေကို လျှော့ပေါ့လာ တယ်။ တရုတ်တွေအနေနဲ့ သူများ နဲ့မတူ တမူထူးခြားပြီး လုပ်ကိုင်နိုင် တဲ့ လုပ်ငန်းတွေအပေါ် အာရုံစူးစိုက် ဇောက်ချလုပ်ကိုင်လာကြတယ်။ ဒါပေမယ့် ဒီမော်ဒယ်ကို အနီးကပ်ပြီး စေ့ စေ့စပ်စပ်ကြည့်ရင် အားနည်းချက် တွေကို တွေ့မြင်ကြရနိုင်တယ် ။ အစိုးရက ကုမ္ပဏီတချို့ကို အခွင့် အရေးပေးရင် အခြားကုမ္ပဏီတွေနစ် နာတယ်။ ၂ဝဝ၉ ခုနှစ်က China Mobile နဲ့ China National Petroleum Corporation နှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ မြတ်စွန်းခဲ့တယ်။ ဒီကိန်းဂဏန်းဟာ တရုတ် ပြည်ရဲ့ အင်မတန်အမြတ် အစွန်းကြီးမားတဲ့ အခြားကုမ္ပဏီ ၅ဝဝ ကျော်ရဲ့ စုစုပေါင်း မြတ်စွန်းမှုထက် တောင် ပိုမိုများနေသေးတယ်။ နိုင်ငံပိုင် ဧရာမကုမ္ပဏီကြီးတွေ ဟာ အရင်းနဲ့စွမ်းရည်တွေကို အခြား နယ်ပယ်တွေမှ စုပ်ယူသိမ်းသွင်းကြ တယ်။ အခြားသော ပုဂ္ဂလိကကုမ္ပဏီ တွေအတွက် အရင်းနဲ့စွမ်းရည်တွေ လျော့ပါးသွားတယ်။ လေ့လာဆန်းစစ်တွေ့ရှိချက်တွေအရ နိုင်ငံပိုင် ကုမ္ပဏီကြီးတွေဟာ အရင်းကိုအသုံး ချတဲ့နေရာမှာ ပုဂ္ဂလိကကုမ္ပဏီတွေ လောက်စွမ်းဆောင်နိုင်စွမ်း မရှိကြ ဘူး။ ပြီးတော့ တိုးတက်မှုကလဲ နှေး ကွေးကြတယ်။ ပြင်ပပုဂ္ဂလိကလုပ် ငန်းရှင်တွေဟာ အရင်းအနှီးရရှိရေး အတွက် ရုန်းကန်လုံးပန်းနေကြရချိန် မှာ နိုင်ငံပိုင်ဧရာမကုမ္ပဏီကြီးတွေက သူတို့ရဲ့ စိ တ် ကူးယဉ် မိုးမျှော် အဆောက်အအုံတွေကို ငွေကုန်ကြေး ကျခံပြီး ဆောက်လုပ်နေကြတယ်။ ဒီလို ငွေကြေးအကုန်အကျဟာ တိုးတက်မြင့်မားလာစရာရှိ တယ်။ နိုင်ငံပိုင်ကုမ္ပဏီကြီးတွေဟာ မိတ္တူ ကူးတဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။

ဘာကြောင့်လဲဆိုတော့ အစိုးရထောက် ကူပေးမှုကြောင့် အဆင့်မြင့်နည်းပညာ တွေကို လက်လှမ်းမီကြတယ်။ ဒါ ပေမယ့် ဒီကုမ္ပဏီကြီးတွေဟာ ကိုယ် ပိုင်အတွေးအခေါ်တွေကို မထုတ်လုပ် နိုင်ကြဘူး။ ကမ္ဘာပေါ်မှာ ဆန်းသစ် တီထွင်မှုတွေကို ကုမ္ပဏီသေးသေး တွေကသာ ထုတ်လုပ်ကြတယ်။ ပြီးတော့ ဒီမော်ဒယ်ဟာ တည် ငြိမ်မှုအတွက် အာမမခံနိုင်ဘူး။ နိုင်ငံ တော် အရင်းရှင်ဝါဒဆိုတာက အရည် အချင်းပြည့်ဝတဲ့ နိုင်ငံတော်က ညွှန် ကြားမှသာ ကောင်းကောင်းမွန်မွန် ဖြစ် ထွန်းတာပါ။ အာရှနိုင်ငံတွေမှာ သြ ဇာတိက္ကမကြီးမားတဲ့ ယဉ်ကျေးမှု အစဉ်အလာရှိတယ်။ တောင်အာဖရိ ကနဲ့ ဘရာဇီးနိုင်ငံတွေမှာ ဒါမျိုးမရှိ ဘူး။ ကျောက်မီးသွေးအပေါ် အား ကိုးအားထားပြုနေရတဲ့ အိန္ဒိယနိုင်ငံ မှာလဲ စွမ်းရည်ပြည့်ဝမှုမရှိဘူး။ နိုင်ငံတော် အရင်းရှင်ဝါဒဟာ တီထွင်ဆန်းသစ်နိုင်စွမ်းရှိတဲ့ အပြင် လူထက် အဆက်အသွယ်ကောင်းတဲ့ အတွင်းလူကို မြှောက်စားတယ်။ တရုတ်နိုင်ငံမှာ မြင့်မြင့်မားမားပညာ သင် ကြားတတ်မြောက်ထားကြတဲ့ လူကြီးသားသမီး မင်းသား မင်းသမီး ကလေးတွေ အကျိုးစီးပွားဖြစ်ထွန်း နေကြတယ်။ ရုရှားမှာလဲ ဒီလိုပါပဲ။ ဗြူရိုကရက် လက်တစ်ဆုပ်စာအာ ဏာရှိသူတွေ-Bureavgarchs က စီး ပွားရေးကို ထိန်းချုပ်ထားကြတယ်။ ဒါကြောင့် ဒီမော်ဒယ်ဟာ ဆွေမျိုး ရောင်းရင်းကောင်းစားရေးဝါဒ Cronyism ကို ပုံဖော်ဖန်ဆင်းတယ် လို့ဆိုကြတယ်။ တကယ်တော့ တိုးတက်လာတဲ့ ပါဝါတွေဟာ တိုးတက်ဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်ကို ခုတုံးလုပ်ကြ စမြဲဖြစ်ပါတယ်။ ၁၉၅ဝ နှစ်များ အတွင်းက ဂျပန်နဲ့ တောင်ကိုရီးယား လဲ နိုင်ငံတော်ကို ဒီလိုပဲအသုံးချခဲ့ကြ တာပါပဲ။ ၁၈၇ဝ နှစ်များက ဂျာမနီ နိုင်ငံနဲ့ လွတ်လပ်ရေးတိုက်ပွဲပြီးဆုံး ပြီးနောက် အမေရိကန်ပြည်ထောင်စု ကလဲ ဒီလိုပဲလုပ်ခဲ့ကြတာပါ။ ဒါပေ မယ့် ဒီနိုင်ငံတွေဟာ နိုင်ငံတော်အရင်း ရှင်ဝါဒ ကျင့်သုံးရင်းနဲ့ စနစ်ထဲမှာ အကန့်အသတ်ရှိတယ်ဆိုတာသဘော ပေါက်လာခဲ့ကြတယ် ။ ဒီတော့ တစ်နေ့မှာ တရုတ်နိုင်ငံ လဲ သူတို့လို သဘောပေါက်နားလည် လာလိမ့်မယ် မျှော်လင့်ထားကြတယ်။ လောလောဆယ်တော့ ဒီဝါဒရဲ့အား နည်းချက်ကို မြင်တွေ့ချင်မှ မြင်တွေ့ ကြလိမ့်မယ်။ ဒါပေမယ့် မကြာမီမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ် ထွက်လာနိုင်တယ်။ အရေးကြီးတဲ့ အချက်က ဂလိုဘယ်ကုန်သွယ်ရေး စနစ်အပေါ် ဒီမော်ဒယ်ရဲ့ ရိုက်ခတ် ချက်ဖြစ်တယ်။ အမျိုးသားအစိုးရက ထောက်ကူပြုထားတဲ့ ကုမ္ပဏီတွေ ဟာကောင်းမွန်တဲ့ ကုန်သွယ်ရေးကို ဖျက်လိုဖျက်ဆီးလုပ်နိုင်တယ်။ ဒါကြောင့် နိုင်ငံတော် အရင်းရှင် ဝါဒကို သွားရည်ယိုနေကြတဲ့ ထွန်း သစ်စနိုင်ငံများအနေနဲ့ အားသာချက် အားနည်းချက်တွေကို ချိ န်ညှိ လုပ် ဆောင်ကြဖို့ အချို့က ထောက်ပြခဲ့ ကြပါတယ်။

မင်းရွှေမောင် Ref: The Economist, Jan 21-2012.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: