နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ နေပြည်တော်၌ တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် နေပြည်တော်၌ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ”လာတဲ့ ခရီးစဉ်အကြောင်းကိုပဲ ကျွန်မတို့ ပြောပါတယ်။ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးနဲ့ ပြောဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ”ကျွန်မတို့ မတရား အသင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ ဒီ မတရားအသင်းဆိုတာချည်းက အန္တရာယ်လည်း ဖြစ်တယ်။ ကြောက်စရာလည်း ဖြစ်နေတဲ့အတွက်ကြောင့် တိုင်းသူပြည် သားတွေအတွက်လည်း စိုးရိမ် စရာဖြစ်တဲ့အတွက်ကြောင့် စဉ်းစားဖို့အတွက် သမ္မတကြီးနဲ့ဆွေးနွေးခဲ့ပါတယ်”ဟုလည်းကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေး မှူး နော်စီဖိုးရာစိန်က ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က”နိုင်ငံတစ်နိုင်မှာ မတရားအသင်းဆိုတာ ရှိဖို့မလိုတာ ဟာ အကောင်းဆုံး အခြေအနေလို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ”KNU နဲ့ရော တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းက ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့တတ်နိုင်သမျှပူးပေါင်း ဆောင်ရွက်သွားပါမယ်။ ဘယ်လိုဆိုတာကတော့ အခြေအနေပေါ်မှ မူတည်ပါတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ တစ်ခါတလေမှ တွေ့ရတယ်။ တစ်ခါတလေ တွေ့တဲ့အချိန်တွေမှာဆိုရင် အမြင်ချင်းဖလှယ်ခြင်းအားဖြင့် ပိုပြီးတော့ နီးစပ်လာ တယ်။ ဒါလည်း ငြိမ်းချမ်းရေးအတွက် လုပ်နေတဲ့ ခြေလှမ်းတစ်လှမ်းလို့ပဲ ကျွန်မတို့မြင်ပါတယ်”ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မနေ့ က ရန်ကုန် ဆီဒိုးနားဟိုတယ် ၁၁ ထပ်တွင် နေ လည် ၂း၃o -၄း၃o အတွင်း KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံ ကြရာတွင်UNA အဖွဲ့ ဝင်များဖြစ်သည့် ၁၉၉o ပါတီတွေအပြင် ၂o၁o တိုင်းရင်းသားပါတီတွေနဲ့ NUP ပါတီပါ လူဦးရေ ၂၁ ဦးတက်ရောက်ခဲ့ပါသည်။
နော်စီဘိုရာစိန်မှ ကရင်လိုပြောပြီး ဗမာလိုဘာသာပြန်တဦးမှ ဘာသာပြန်ပေးပါသည်။ တွေ့ ဆုံပွဲတွင်ပါဝင်သည့် ZNC ဘက်မှ အဓိကဆွေးနွေးရာတွင် KIA က တိုက်နေချိန်မှာ KNU အနေဖြင့်ရန်သူနဲ့ စားပွဲဝိုင်းအတူထိုင် စားသောက်နိုင်သည့် အခြေအနေကိုမေးခွန်းထုတ်ခြင်းနှင့် စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု မရရှိခြင်းပြသနာမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြသနာဖြစ်ည်ဟု ဆွေးနွေးပါသည်။
KNU ဘက်က တပြည်လုံးအတိုင်းအတာဖြင့်ငြိမ်းချမ်းရေးရရှိရေးကြိုးပမ်းနေပါသည်ဟု ပြန်လည်ဖြေကြားသွားပါသည်။