မာရီယာနာချောက်အတွင်း သက်ဆင်းခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်


3D Version ဖွင့်ပွဲအတွက် အင်္ဂါနေ့တွင် လန်ဒန်သို့ လာရောက်ခဲ့ကြောင်း သိရသည်။

အော်စကာဆုများ ရရှိထားသော တိုက်တန်းနစ်ဇာတ်ကား 3D Versionဖွင့်ပွဲကို မတက်ရောက်မီ ဂျိမ်းစ် ကင်မရွန်သည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ဂူအမ်ကျွန်း၏ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်အကွာရှိ မာရီယာနာ ချောက်အတွင်းသို့ ရေငုပ် သင်္ဘောဖြင့် ဆင်းကာ 3D ရုပ်ရှင် အတွက် စူးစမ်း လေ့လာမှုပြုခဲ့သည်ဟု သိရသည်။

၎င်းမှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်တွင် ပြီးစီးခဲ့ပြီး ယင်းခရီးမှ သူသည် အတွေး အမြင်သစ်များ ရရှိလာသည်ဟု လည်းဆိုသည်။

အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဂျိမ်းစ် ကင်မရွန်သည် အင်္ဂါနေ့တွင် လန်ဒန်သို့ လေ ယာဉ်ဖြင့် ရောက်ရှိလာကာ Royal Albert Hall တွင် တိုက်တန်းနစ် 3D ဖွင့်ပွဲအတွက် ဗြိတိသျှ ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်၊ အမေရိကန် သရုပ်ဆောင် ဘီလီဇိန်း တို့နှင့်အတူ ပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဂျိမ်းစ်ကင်မရွန်သည် ၀က်ဝက်ကွဲ အောင်မြင်ခဲ့သော သိပ္ပံစိတ်ကူးယဉ် ဇာတ်ကား “Avatar” ကို စီစဉ်ရိုက်ကူး ခဲ့သည့် ကမ္ဘာကျော် ဒါရိုက်တာ လည်း ဖြစ်သည်။

ထိုသို့ 3D Version ဖွင့်ပွဲတက် ရောက်လာသော အချိန်သည်သမိုင်းဝင် တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့ သော နှစ် ၁၀၀ မြောက်နှစ်ပတ် လည်နေ့ ပြည့်ခါနီးနီးတွင်လည်း ဖြစ်သည်။

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနက်ဆုံး အစိတ် အပိုင်းဖြစ်သည့် မာရီယာနာချောက်သို့ ရေငုပ်သင်္ဘောဖြင့် တစ်ကိုယ်တည်း သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူသည် Challenger Deep ဟုခေါ်တွင်သော မာရီယာနာချောက်သို့ တစ်ကိုယ်တည်း ဆင်းခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ် လည်း ဖြစ်ခဲ့သည်ဟု သိရသည်။

ထိုနေရာသို့ မည်သည့်နည်းဖြင့်မဆို နောက်ဆုံး သွားရောက်ခဲ့သူမှာ ၁၉၆၀ ပြည့်နှစ်တွင် နှစ်ဦးတွဲ သွားရောက်ခဲ့ဖူးသူသာ ရှိသည်ဟု သိရသည်။

ဂျိမ်းစ် ကင်မရွန်သည် မတ်လ ၂၆ ရက်နေ့ မနက် ၇ နာရီ ၅၂ မိနစ်တွင် မာရီယာနာချောက်ကြီးအတွင်း အနက် ၃၅,၇၅၆ ပေအထိ အထူးစီမံ ထားသော ရေငုပ်သင်္ဘောလေးဖြင့် ရောက်ရှိခဲ့ကြောင်း အဆိုပါခရီးစဉ်ကို ပူးပေါင်း ဆောင်ရွက်သည့် အမျိုးသား ပထ၀ီဝင် အသင်းက ဆိုသည်။

မာရီယာနာချောက်အတွင်း ထိုအနက်တွင် အမြဲမည်းမှောင်နေပြီး အပူချိန်မှာ ရေခဲမှတ်ထက် အနည်း ငယ်သာမြင့်သည်။

ဖိအားမှာ တစ်စတုရန်းလက်မတွင် ရှစ်တန် (8-PSI) ရှိသည်။

ပင်လယ်ရေမျက်နှာ ပြင်အထက် သာမန်လေဖိအားထက် အဆ ၁,၀၀၀ ခန့်ဖြစ်သည်။

ကင်မရွန် သည် ထိုအနက်မှ နမူနာများကောက်ယူခြင်း၊ ဓာတ်ပုံများရိုက်ယူခြင်း ပြုလုပ်မည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: