ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ နယ် ဆင်တက်မော် ကျေးရွာတွင် ဖြစ်ပွားသည့် ဓားပြတိုက်မှု အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ ပိုက်ဆိတ်ရွာတွင် ဖြစ်ပွားသော ဓားပြတိုက်မှုမှာ ယနေ့အထိ သက်ဆိုင်ရာမှ အရေး ယူဆောင်ရွက်ပေးမှုများ မရှိကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ (Google Earth)

 အဆိုပါ ဓားပြတိုက်မှုနှင့်ပတ်သက်၍ ဆင်တက်မော်ကျေးရွာ ဘော်ဒလီရွာနေ ဦးမောင်စောထွန်းအား Arakan Review မှမေးမြန်းရာ –

“ ဟုတ်ပါတယ်… ဧပြီလဆန်းပိုင်းကပါ ညနေ ၁၁း၀၀ နာရီခန့်အချိန်မှာဖြစ်ပါတယ်။ ပိုက်ဆိတ်ရွာက ဦးမြတ်သာဖြူ အိမ်ကို ဘင်္ဂလီ ကုလား ဓားပြ (၁၈)ယောက်က ၀င်တိုက်ခဲ့ပါတယ်။ ပိုက်ဆိတ်ရွာနဲ့ ကုလားရွာက တော်တော့်ကို နီးပါတယ်။

ကျွန်တော်တို့ ဆင်တက်မော် ကုလားရွာက ဟိုတုန်းကလို မဟုတ်တော့ပါဘူး။ ဘယ်က ကုလားတွေမှန်းတော့မသိ အများကြီးပါ။ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဋ္ဌာန(လ.၀.က) မှလည်း ၀င်ရောက် စစ်ဆေးခြင်းမျိုးလည်း မရှိပါ။

တနေ့ထက်တစ်နေ့တိုးလာ ပါတယ်။ အခင်းဖြစ်တဲ့နေ့ကလည်း အိမ်ရှင် ဦးမြတ်သာဖြူ မရှိပါဘူး။ ဦးမြတ်သာဖြူက ကျမ္မာရေး မကာင်း တဲ့အတွက် စစ်တွေမှာနေတဲ့ သမီးအိမ်မှာ သွားရောက် ဆေးကုနေပါတယ်။ ဓားပြတွေဝင်စီးတဲ့အချိန် ဦးမြတ်သာဖြူ အိမ်မှာ သူ့ဇနီးနှင့် သမီးနှစ်ယောက်သာ ရှိခဲ့ပါတယ်။ ဘင်္ဂလီကုလား ဓားပြတွေက အိမ်တံခါးပေါက်တွေကို ထုထောင်းပြီး အတင်း ၀င်ရောက်ခဲ့ကြ ပါတယ်။

ဦးမြတ်သာဖြူရဲ့သမီးလေးနှစ်ယောက်ကတော့ အိမ်အနောက်ကနေ ထွက်ပြေး လွတ်မြောက်သွားပေမဲ့  ဦးမြတ်သာဖြူရဲ့ဇနီးက ထွက်ပြေး လွတ်မြောက်နိုင်ခြင်း မရှိတဲ့အတွက် သူမကို ဘင်္ဂလီကုလား ဓားပြတွေက ဖမ်းဆီးပြီး အမျိုးမျိုးနှိပ်စက်ကာ အိမ်တွင်ရှိတဲ့ ရွှေ ငွေ လက်ဝတ် ရတနာတွေနဲ့ ငွေကြေးတွေ (ဆုံးရှုံးသွားတဲ့ ရွှေ ငွေ လက်ဝတ် လက်စကား များရဲ့ ကာလပေါက်ဈေး မြန်မာကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးခန့်) ကို အကုန်စင် ယူသွားကြပါတယ်။

ဓားပြတွေက ရွှေငွေ ပစ္စည်းများကို အတင်း အဓမ္မ ယူဆောင်ကြပြီး ထွက်ပြေးတဲ့ အချိန်မှာ သေနတ် အချက် ၂၀ ကျော်ခန့် ပစ်ဖေါက်ပြီး သွားခဲ့ကြ ပါတယ်။ ဓားပြတွေ ထွက်ပြေးသွားကြပြီးနောက် ပေါက်တောမြို့ ရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြား တိုင်ခဲ့ပါတယ်။

မြို့နယ်ရဲစခန်းမှ ရောက်ရှိလာခြင်းမရှိသည့်အတွက် ဦးမြတ်သာဖြူ မိသားစုမှ ပေါက်တောမြို့ရဲစခန်းသို့ သွားရောက်တိုင်ကြား အမှုဖွင့် ခဲ့သော် လည်း တရားခံ အစစ်အမှန်များကို လက်ရဖမ်းဆီးနိုင်ခြင်းမရှိပါ။

လက်လုပ် လက်စား တခြားအမှုနှင့် မသက်ဆိုင်သူ ကုလားတွေကိုသာ ဖမ်းဆီးစစ်ဆေးနေပါတယ်” လို့  Arakan Review သို့ ပြောကြားသွား ပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာတွင် ယခုဖြစ်ပွားတဲ့ ဓားပြတိုက်မှုဟာ (၁၉၉၄-ခုနှစ် မေလ တွင် ပိုက်ဆိတ်ရွာ မှ ကျောင်းဆရာ ဦးအောင်ဇံညိုအိမ်နှင့် ဘော်ဒလီရွာမှ ဦးမောင်စိန်အေး၏အိမ် တို့အား အစိုးရစစ်တပ် ခမရ ၅၄၁ (မဒေးကျေးရွာ အခြေစိုက်တပ်ခွဲ မှ တကြိမ်) ယခု အကြိမ်နှင့်ဆိုလျှင် အဆိုးရွားဆုံး နှစ်ကြိမ်ရှိခဲ့ပြီဖြစ် ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: