သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများကို အနက်ဖွင့်ဆိုခြင်း


မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်များ စဉ် သဘာဝဘေးအန္တရာယ်များ မှတ်ချက်-

၁။ ဆိုင်ကလုန်းများ ၁၉၄၇ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့။ ၇-၁ဝ မေ၊ ၁၉၆၈ စစ်တွေဆိုင်က လုန်းတွင် လူ ၁ဝ၃၇ဦး သေဆုံးခဲ့။ ၂၈၊ ဧပြီ- ၃မေ-၂ဝဝ၈ နာဂစ် ဆိုင်ကလုန်းတွင် လူ ၁၃၈၃၇၃ ဦး သေဆုံးခဲ့။

၂။ မိုးခေါင်ခြင်း စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် မိုးခေါင်ခြင်းကြောင့် မြေဆီလွှာ အရည်အသွေးကျ ဆင်းခြင်း၊ သစ်တော ပြုန်းတီးခြင်း များဖြစ်စေခဲ့။

၃။ ငလျင်လှုပ်ခြင်း ၁၈၆၈ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အတွင်း ၄၈ ကြိမ် လှုပ်ခဲ့။ ၁၈၃၉ အင်းဝငလျင်၊ ၁၉၃ဝ ပဲခူးငလျင်၊ ၁၉၃ဝ ညောင်လေး ပင်ငလျင်၊ ၁၉၅၆ စစ်ကိုင်းငလျင်တို့တွင် လူအသေအပျောက်များရှိခဲ့။

၎။ မီးလောင်ခြင်း ၂ဝဝဝ-၂ဝဝ၇ ခုနှစ်အတွင်း မီး ၆၉၁၅ ကြိမ်လောင်ခဲ့ပြီး ကျပ်သန်း ၁၁၃၁၁ ဆုံးရှုံးခဲ့။

၅။ ရေကြီးရေလျှံခြင်း ၁၉၉၇ မှ ၂ဝဝ၇ ခုနှစ်အတွင်း ၂၁ ကြိမ် ရေကြီးခဲ့ပြီး လူ ၁၄၄ ဦး သေဆုံး ခဲ့။

၆။ မြေပြိုခြင်း ၁၉၁၂ မှ ၂ဝဝ၈ ခုနှစ်အတွင်း ငလျင် လှုပ်ခြင်း၊ မိုးသည်းထန်စွာရွာခြင်းတို့ကြောင့် မြေပြိုခြင်း ၈ ကြိမ်ဖြစ်ပွားခဲ့။ ၂ဝဝ၈ ခုနှစ် မိုးကုတ်မြေ ပြိုမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့။

၇။ ဆူနာမီ ၂ဝဝ၄ ဆူနာမီတွင် မြန်မာနိုင်ငံမှ လူ ၁၂၂ ဦး သေဆုံးခဲ့။ အခြေခံသဘောတရား ”ကမ္ဘာမြေ၏ ရုပ်ပိုင်းဆိုင်ရာ အနေအထားများ-Physical Structures နှင့် ဓာတုဖွဲ့စည်းမှုများ-Chemical Composition သည် ခေတ်သစ်လူ့အဖွဲ့ အစည်းအပေါ် များစွာအကျိုးသက်ရောက်လျက်ရှိသည်” ဟူသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံသဘောတရား တစ်ခုရှိသည်။ ဒေသတစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှု ပုံသဏ္ဌာန်များဖြစ်သည့် တောင် တန်း၊ ချိုင့်ဝှမ်း၊ မီးတောင်၊ ပြတ်ရွေ့၊ မြစ်ချောင်း စသည်တို့သည် လူနေမှုအဖွဲ့အစည်းများကို ဆိုးကျိုးကောင်းကျိုးပေးလျက်ရှိသည်။

ဥပမာ- မီးတောင်ရှိလျှင် ပေါက်ကွဲနိုင်ပြီး ဘေးဒုက္ခကျရောက်နိုင်သည်။ မြစ်ရှိလျှင် ရေလွှမ်းမိုးမှုခံရနိုင်သည်။ ပြတ်ရွေ့ရှိလျှင် ငလျင်ဘေးသင့်နိုင်သည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ဖြစ်ပွားမှု လူ့ဘဝများစွာကို ခြိမ်းခြောက်နေသော သဘာဝဘေးအန္တရာယ်တွေ ကများလှသည်။

၎င်းတို့ကြောင့် မြန်မာနိုင်ငံတွင် အတိဒုက္ခရောက်ခဲ့ရပုံများကို ဇယားတွင် အကျဉ်းဖော်ပြထားပါသည်။ သဘာဝဘေး လျော့ပါးရေး ဒေသတစ်ခု၏ ဘေး ဒုက္ခများ လျော့ပါးရေး စဉ်းစားရာတွင် အခြေခံအချက်များစွာရှိသည့်အနက် သဘာဝဘေးဆိုင်ရာ အခြေခံဝေါဟာရအသုံး အနှုန်းများကိုလည်း ဦးစွာ နားလည် သဘောပေါက်ထားရန်လိုအပ်ပါသည်။

ဆရာကြီးဒေါက်တာ မောင်သိန်းက သဘာဝဘေးဆိုင်ရာ ဝေါဟာရတချို့ကို ပြုစုပြီး ဖြန့်ဝေထားပါသည်။ လေ့လာသင့်သော ဝေါဟာရများ Hazard – ဘေးအန္တရာယ် Hazard ဟူသည် မိမိပတ်ဝန်းကျင်တွင် အလွယ်တကူသိမြင်နိုင်သော သဘာဝအကြောင်းခြင်းရာတစ်ခု သို့မဟုတ် အခြေအနေ တစ်ခု ဖြစ်သည်။ လူများ၊ ပစ္စည်းများ၊ လုပ်ငန်းခွင်များနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သော အလားအလာ ရှိလျှင် Hazard ဟု သတ်မှတ်ပါ သည်။

တောင်ကုန်းပေါ်တင်နေသော ကျောက်တုံးသည် Hazard ပင်ဖြစ်သည်။ ဤအခြေအနေ၌ တစ်စုံတစ်ခုကိုမျှ ထိခိုက်ခြင်းမရှိသေးပါ။ Hazard သည် ထိခိုက်ပျက်စီးရန် အလားအလာပင်ဖြစ်ပါသည်။

Disaster – ဘေးဒုက္ခကျရောက်မှု လူကြောင့်ဖြစ်စေ၊ သဘာဝကြောင့်ဖြစ်စေ၊ နှစ်ခုစလုံးကြောင့်ဖြစ်စေ ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း ဖြစ်ပွား ခဲ့သော အဖြစ်အပျက် တစ်ခုကြောင့် လူ၊ ပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင် ကြီးမားစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေလျှင် ၄င်းကို Disaster ဟုသတ်မှတ်သည်

ကျောက်တုံးသည် လူ သို့ မဟုတ် တစ်စုံတစ်ခုကို ကြီးမားစွာ ထိခိုက်ပျက်စီးမှုဖြစ်စေသည်။ ထိုအဆင့်သည် Disaster ပင်ဖြစ်သည်။

Vulnerability- ဘေးဒုက္ခကျရောက်နိုင်မှု/ အဆင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ ဘေးအန္တရာယ်တစ်ခုကို တုံ့ပြန်ရန်၊ ကြံ့ကြံ့ခံနိုင်ရန် လူတို၏ ကြို တင်ပြင်ဆင် ထားမှု အရည်အသွေးများ လျော့နည်းသည့် အခြေအနေကို ဆိုလိုပါသည်။

Hazard, Disaster နှင့် Vulnerability တို့ကို ပုံတွင်ပြထားပါသည်။

Capacities (စွမ်းဆောင်နိုင်ရည်) ပိုမိုကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်ချက် ဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရပ်ကွက်တစ်ခု၏ အရည်အသွေး၊ စွမ်းဆောင်နိုင်ရည်ကို မြင့်မားအောင် ပြုလုပ်ပေးခြင်းကို ဆိုလိုပါသည်။ (ရပ်ကွက်ဟု သုံးရခြင်းမှာ လူအဖွဲ့အစည်း၏ အခြေခံမှစတင် ရမည်ကို ရည်ညွှန်းခြင်းဖြစ်ပါသည်) Risk – ဘေးဒုက္ခကျရောက်နိုင်ခြေ Risk ဆိုသည်မှာ ဖြစ်နိုင်ခြေတစ်ခုပင်ဖြစ်သည်။

ရပ်ကွက်တစ်ခု၏ အနေအထား (သို့) ပထဝီဝင် အနေအထားသည် သိသာထင်ရှားသော ဘေးအန္တရာယ်တစ်ခုကြောင့် လည်းကောင်း၊ ဘေးအန္တရာယ် ရှိသော ဧရိယာနှင့် အလွန်နီးကပ်သောကြောင့် လည်းကောင်း ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေကို Risk ဟု ဆိုလိုပါသည်။

Disaster Risk- ဘေးဒုက္ခကျရောက်နိုင်မှုအခြေအနေ ၄င်းသည် Hazard, Vulneralibility နှင့် Capacity နှင့်ဆက်စပ်နေပါသည်။

Hazard x Vulnerability ¯ = ­ Capacity = Disaster Risk ရပ်ကွက်တစ်ခု (သို့) လူ အများ၏ Capacity များလေ၊ မြင့်မားလေ Disaster Risk နည်းလေဖြစ် ပါသည်။ ထို့အတူ Vulnerability နည်းလေ Disaster Risk နည်းလေ ဖြစ်ပေမည်။ သဘာဝဘေး လျော့ပါးရေးစဉ်းစားရာတွင် အခြေခံ ကျသော ဝေါဟာ ရတချို့ကို မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

အလျဉ်းသင့်လျှင် Disaster Management ဘေးဒုက္ခလျော့ပါးရေး စီမံခန့်ခွဲမှုကို စုစည်းတင်ပြပါဦး မည်။

ဒေါက်တာဇော်မြင့်နီ

ကျမ်းကိုး ။ ။

၁။ Hazarl Profile of Myanmar, 2009

၂။ ငလျင်များနှင့်နေထိုင်ခြင်း(၂ဝဝ၉)

၃။ Basic Terms and Concepts in Disaster Management by Mr.Suhri Kumar (2009).

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: