ကုတိုး လေလံဈေး အဆမတန် မြင့်တက်လာ မှုကြောင့် ဒေသခံ ပြည်သူများ ခရီးသွားလာရေး အခက်တွေ့ (ပေးစာ)


ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ သ၀င်ချောင်းကျေးရွာမှ စစ်တွေမြို့သို့ ယခင် ပြေးဆွဲနေသော ရေယဉ်မှာ နှစ်ရှိပြီး ယခုနှစ် ဧပြီလ အတွင်း မှာ သ၀င်ချောင်းကျေးရွာမှ စစ်တွေမြို့သို့ပြေးဆွဲသည့်ရေယဉ်မှာ တစ်စီးတည်းဖြစ်သွားပါသည်။

ထိုသို့ဖြစ်ရခြင်း အကြောင်းအရာများကို ကျွန်တော်တို့ရွာသားများက စုံစမ်းကြည့်ကြရာ –

၂၀၁၂-ခုနှစ်၊မတ်လအတွင်း ပေါက်တောမြို့ပေါ်နှင့်မြို့နယ်တစ်ခုလုံးအတွင်း လေလံတင် အပြိုင်အဆိုင်ဆွဲခြင်းမှ ပေါ်ပေါက်လာသော ဖြစ်ရပ်တစ်ခုဖြစ် ပါသည်။

လေလံအပြိုင်အဆိုင်ဆွဲမှုတွင် စီးပွားရေးလုပ်ငန်းကို အခြေခံ၍ ဆွဲကြရာမှ ဒေသခံပြည်သူများအတွက် ရရှိသည့် ဆိုးကျိုးများပင်ဖြစ် ပါသည်။

ယခုနှစ်အတွင်း လေလံအပြိုင်အဆိုင်ဆွဲကြမှုတွင် ကျွန်တော်တို့ သ၀င်ချောင်းကျေးရွာမှ ယခင်ပြေးဆွဲနေသည့် ရေယဉ်နှစ်စင်းအစား တစ်စင်းသာ ပြေး ဆွဲနိုင်လာ ပါတော့သည်။

အကြောင်းမှာ လေလံစတင်ဆွဲကြသည်ဆိုသည်နှင့် လေလံခန်းမသို့ ၀င်ရောက်ရန်အတွက် ၀င်ကြေးငွေများပေးသွင်းခြင်း၊ မြို့နယ်စည် ပင်သာယာရေး အဖွဲ့မှ ရောင်းချသော ပြက္ခဒိန်များကို ၀ယ်ယူရခြင်း (Show money) ပြငွေအဖြစ်လည်း ၂၅ သိန်းကျပ်ကို လေလံဆွဲသည့် ခန်းမဆောင်အတွင်းရှိ မြို့နယ် လူကြီးများနှင့် စည်ပင်အရာရှိများရှေ့မှောက်တွင် တင်ပြကြရပြီး မိမိ လိုချင်သည့်ဈေးဖြင့် ကိုက် ညီမှုမရှိက ဈေးအပြိုင်အဆိုင် လေလံဆွဲခြင်း မှနုတ်ထွက်ပိုင်ခွင့်ရှိပြီး တင်ပြထားသည့် ငွေကို လေလံဆွဲပြီးသည်နှင့် တပြိုင်နက် ထုတ်ယူ ပိုင်ခွင့်ရှိပါသည်။

သို့သော်လည်း ကျွန်တော်တို့ သ၀င်ချောင်းကျေးရွာ ကုတိုးလှေအတွက် လေလံဆွဲခြင်းဖြစ်စဉ်တွင် လေလံအပြိုင်အဆိုင်ဆွဲကြသည့်အခါတွင် ယမန်နှစ် က ကုတိုးလှေပိုင်ရှင် နှစ်ဦးဖြစ်သည့် ဦးမောင်ငွေသာနှင့်ဦးကျော်ဇံဝေတို့က ကြမ်းခင်းဈေး အဆမတန်ကြီးမားမှုနှင့် ကြုံတွေ့ကြသည့်အပြင် ဈေးပြိုင် စနစ်လည်း ကျပ်ငွေ သိန်း(၅၀)အထိ ထိုးတက်သွားသည့်အတွက် လေလံပွဲကိုရပ်တန့်ပေးပါရန် တောင်းဆိုခဲ့သည့်အခါတွင် မြို့နယ်စည်ပင် ဦးစီးမှူးဖြစ်သူ ဦးသာအေးက လေလံပွဲကို ရပ်ပစ်ရမည်ဆိုပါက (Show money) ပြငွေအဖြစ် ခုံပေါ် တင်ထားသည့် ကျပ်ငွေ (၂၅)အား ပြန်မပေးတော့ ဘူးဟု ပြောကြားသည့်အတွက် ဦးမောင်ငွေသာမှာ ဈေးပြိုင်ဆိုင်မှုမှ ပေါ်ပေါက်လာ သည့် ကျပ်ငွေ သိန်း(၅၀)ဖြင့် ကုတိုးယဉ်ပြေးဆွဲမှုကို လက်ခံခဲ့ရ ပါသည်။

သို့ဖြစ်ပါ၍ ယခုနှစ်အတွင်း သ၀င်ချောင်းကျေးရွာမှ စစ်တွေမြို့သို့ပြေးဆွဲနေသော ကုတိုးယဉ်စီးခမှာ အဆမတန်ဈေးများပြီး ခရီးသွား ပြည်သူတို့မှာ စစ်တွေမြို့သို့ အကြောင်းကိစ္စ တစ်ခုပေါ်ပေါက်လာလျှင် သွားလာနိုင်ဖို့ လွန်စွာအခက်အခဲများ ကြုံတွေ့နေရ သည်ကို သက်ဆိုင်ရာမှ ကူညီဖြေရှင်းပေး ပါရန် Arakan Review မှ တဆင့် တင်ပြအပ်ပါသည်။

မောင်ကျောက် (သ၀င်ချောင်း)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: