အာရှလက်နက် အားစမ်းစစ်ပွဲကြီး ဆင်နွဲတော့မည်လော


ယခင်က အထိအခိုက် မခံ သောဒေသ(Sensitive Region) အဖြစ် အရှေ့အလယ်ပိုင်းဒေသကို လူသိများခဲ့ကြသည့် အကြောင်းမှာ အစ္စရေး၊ ပါလက်စတိုင်းတို့ ပြဿနာအစ ဘာသာရေးစစ်ပွဲ ဆင်နွှဲရန် စိန်ခေါ်မှုပြုနေကြသည့် အာရပ်ပြည်ထောင်စု နိုင်ငံများ ပါဝင်နေကြသည်။

ပြဿနာဖြစ်သော အတို့ အထိမခံသော နယ်မြေအဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နားစိုက် နေကြပေသည်။ ယခုအခါ လက်နက်ပြိုင်ဆိုင် ရန်လိုမှုများ ရှိသောဒေသများအဖြစ် ကျွန်ုပ်တို့နေထိုင်ရာအာရှသို့ ရောက်ရှိလာကြ နေကြောင်း တွေ့မြင်နိုင်ပေသည်။

မြောက်ကိုရီးယား၏ ရန်လိုမှု
ယခုလက်ရှိ ခေါင်းဆောင်သစ် ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ ကင်အီဆွန်းမွေးနေ့ နှစ် (၁ဝဝ) ပြည့်အထိမ်း အမှတ်အဖြစ် ဧပြီ ၁၃ ရက်နေ့က မြောက် ကိုရီးယားတို့သည် ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်မည်ဟု ကြေညာခဲ့သည်။ သို့ရာတွင် အမေရိကန်နှင့် ဂျပန်၊ တောင်ကိုရီးယားတို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။

၎င်းမှာ နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပြခဲ့သောကြောင့် ယခုလုပ်ရပ်မှာ အယောင်ဆောင် လုပ်ရပ်သာဖြစ်ကြောင်း ဖော်ပြကြ သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ မှာ အသင့်အနေအထား တပ်လှန့်ထားကြပြီး ၄င်းဒုံးပျံ မိမိတို့နိုင်ငံများအပေါ်မှ ဖြတ်သန်းသွားပါက ပစ်ချမည်ဟု သတိပေးကြေညာခဲ့သည်။ ယခင်အချိန်ကလည်း ဂျပန်နိုင်ငံ ပေါ်သို့ဖြတ်သန်း၍ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းတို့ကြောင့် ဂျပန်တို့က မကျေ မနပ်ဖြစ်နေကြသည်။ မကြာမီက တွေ့ရှိရသော ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံများအရ မြောက်ကိုရီးယားတို့သည် တတိယအကြိမ် မြေအောက်နျူကလီး ယားဗုံး စမ်းသပ်ဖောက်ခွဲရန် ပြင်ဆင်နေသောကြောင့် မဟာမိတ်တရုတ်တို့ကပါ ၄င်းလုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် တရုတ်တုံ့ပြန်မှု
ယခုကဲ့သို့ ဒုံးပျံလွှတ်တင်မှုအပေါ် ကုလသမဂ္ဂက ၄င်းတို့၏ သဘောတူညီချက်ကို မချိုးဖောက်ရန် သတိပေးခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံ များကလည်း လုံးဝ ဝေဖန်ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ သို့ရာတွင် မြောက်ကိုရီးယားတို့က ၄င်းဒုံးပျံကိုဖြစ်အောင် လွှတ်တင်ခဲ့ပြီး (၂)မိနစ်ခန့်အကြာ တွင် ပင်လယ်တွင်းသို့ ထိုးကျခဲ့သည်။ ယင်းကိစ္စကို လုံခြုံရေးကောင်စီက ကိုရီးယားတို့အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ခဲ့သည်။ သို့သော် ရုရှားကမူ ဆိတ်ဆိတ်နေခဲ့သည်။  မအောင်မြင်သော မြောက်ကိုးရီးယား၏ ရန်လို ဒုံးပျံလွှတ်တင်မှုအပေါ် တရုတ်တို့က သည်းခံတော့မည် မဟုတ် ဟု ကြေညာခဲ့သည်။ မြောက်ကိုရီးယားက ရန်လိုသောလုပ်ရပ်ကို   နောက်ထပ်လုပ်လာခဲ့လျှင် ပိုမိုထိရောက်သော အကျိုးဆက်များကို ရင်ဆိုင်ရလိမ့် မည်ဟု တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ သဘောတူခဲ့ကြသည်။

တောင်ကိုရီးယား၏ ပဲ့ထိန်ဒုံးကျည်
မြောက်ကိုရီးယား၏ မအောင် မြင်သော ဒုံးပျံလွှတ်တင်စမ်းသပ်မှု မှာ ကုန်ကျစရိတ် ဒေါ်လာ သန်း ၈၅ဝ ခန့်ဖြစ်ပြီး ၄င်းပမာဏသည် မြောက်ကိုရီးယား ၏ ငတ်မွတ်နေသော ပြည်သူများအတွက် စားနပ်ရိက္ခာ တစ်နှစ်စာ ဖူလုံနိုင်သည့်ငွေပမာဏဖြစ်ကြောင်းကို တောင်ကိုရီးယား သမ္မတက ထုတ်ပြန်ပြော ဆိုခဲ့သည်။ တောင်ကိုရီးယား သမ္မတအနေဖြင့် မိမိ၏ ပြောကြားချက်ကို တောင်းပန်ရမည်ဖြစ်ပြီး ဤပြောဆိုမှုသည် မိမိတို့၏ အဓိကကျသောနှစ်ပတ် လည် အထိမ်းအမှတ်ပွဲကြီးကို စော်ကားရာရောက်ကြောင်း၊ထို့ပြင်တောင်ကိုရီးယားတို့ကလည်း မြောက်ကိုရီးယား၏မည်သည့်မြို့ကိုမဆို ရောက်အောင် ပစ်ခတ်နိုင်သော တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်စမ်းသပ် ပြခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယားတို့ကို ပိုမိုဒေါသထွက်စေပြီး မြင့်မြတ်သောစစ်ပွဲတစ်ခုကို ဆင်နွှဲမည်ဖြစ်ကာ မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ စိတ်ဆိုးနေ   သော မြောက်ကိုရီးယား ပြည်သူများ၏ တိုက်ခိုက်မှုစစ်ပွဲကိုတောင်ကိုရီးယားတို့ ခံစားရလိမ့်မည်ဟုကြေညာခဲ့သည်။

အိန္ဒိယ တာဝေးပစ်ဒုံးကျည်၏ နောက်ဆက်တွဲ
အိန္ဒိယတို့သည် ၂ဝ၁၂ ဧပြီ ၁၉ ရက်နေ့က သြရိဿပြည်နယ် Wheeler Island မှ မိုင် ၅၅ဝဝ ရောက်အောင် ပစ်ခတ်နိုင်သည့် အဏုမြူထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည်ကို အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဟင်ဒီ ဘာသာစကားအရ ‘မီး’ဟု အဓိပ္ပာယ်ရသည့် Agni V  တာဝေးပစ် ဒုံးကျည်သည် တရုတ်နိုင်ငံ၏မြို့ တော်ပေကျင်းကို ထိမှန်အောင်ပစ်ခတ်နိုင်ကြောင်း အိန္ဒိယအစိုးရက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့သည်။ ယခုအခါ အဏုမြူထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည်ပိုင်နိုင်ငံအဖြစ် အိန္ဒိယတို့သည် ကမ္ဘာပေါ်ရှိ စစ်ရေးအင်အား အဆင့်မြင့် နိုင်ငံများအဆင့်သို့ ရောက်ရှိ သွားပြီဖြစ်သည်။ တရုတ်၏တုံ့ပြန်မှုမှာ နောင်အနာဂတ်တွင် တရုတ်တို့၏စစ်ရေးရာကို အိန္ဒိယအနေဖြင့် မည်သို့မျှ ကျော်လွှားနိုင်မည်မဟုတ်သေးဟု သာ တုံ့ပြန်ခဲ့သည်။

ထို့ပြင် ပါကစ္စတန်ကလည်း ကျောင်းတော်က ရန်စပြခဲ့သည့်အတိုင်း အိန္ဒိယတို့၏တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ချက်ချင်းပင် ဧပြီ ၂၅ ရက်နေ့တွင် ၄င်းတို့၏ တာဝေးပစ် ဒုံးကျည် ရှဟိန်တစ် အေကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။

တရုတ်နှင့်ရုရှားတို့၏ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စောင့်ကြည့်နေ
အာရှနိုင်ငံများသည် ရုရှားထံမှ စစ်လက်နက် နည်းပညာများကို အဓိကဝယ်ယူရာနိုင်ငံများဖြစ်လာနေသည်ဟု ရုရှားအစိုးရ၏ စစ်လက်နက်ရောင်းချမှု ဆိုင်ရာ အေဂျင်စီက ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က ရုရှားလက်နက်ရောင်းချမှု ၄၃%  ရာခိုင်နှုန်းကို အာရှနိုင်ငံများမှ ဝယ်ယူခဲ့သည်။ ထို့ပြင်၂ဝဝ၇ – ၂ဝ၁၁ ခုနှစ်အတွင်း လက်နက်တင်သွင်းမှုများထဲမှ ရှေ့တန်းရောက်နေသောနိုင်ငံများမှာ အိန္ဒိယ၊တောင်ကိုရီးယား၊ပါကစ္စတန်၊တရုတ်၊စင်ကာပူ နိုင်ငံ များဖြစ်ကြောင်း စတော့ဟုမ်းမြို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနက ဖော်ပြခဲ့သည်။ ရုရှားနှင့် တရုတ်နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယ၏ ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်ခဲ့ပြီးနောက် ဧပြီ လ ၂၂ ရက်နေ့မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်တို့၏ တုံ့ပြန်မှုသည် အိန္ဒိယအပေါ် တွင် သက်ရောက်လျက်ရှိသည်။ သို့သော်လည်း တရုတ်နှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရေးအတွက်သာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ်လူဝေမင်းကသတင်း ထောက်များအားပြောကြားခဲ့သည်။ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် တရုတ် ရေတပ်မှ စစ်သင်္ဘော ၁၆ စင်းနှင့် ရေငုပ်သင်္ဘော နှစ်စင်းပါဝင်ပြီး ရုရှားနိုင်ငံ ပစိဖိတ် စစ်သင်္ဘောလေးစင်း ပါဝင်ခဲ့ သည်။ အလားတူ ရုရှားစစ်လေယာဉ်များနှင့် ရေတပ်တိုက်ခိုက်ရေးတပ်များ ပါဝင်ခဲ့သည်ဟု တရုတ်သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ စစ်ရေးလေ့ ကျင့်သည့် နေရာမှာ တရုတ်နှင့် အမေရိကန်တို့၏ မဟာမိတ် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဂျပန်နိုင်ငံတို့နှင့် ရေပိုင်နက် အခင်းဖြစ်ပွားရာ တောင် တရုတ် ပင်လယ်တွင် ဖြစ်သည်။

မြောက်ကိုရီးယားနောက်ဆုံးကြိမ်းဝါးမှု
တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်အား စစ်ရေးဖြင့် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ကို၎င်းတို့၏ နိုင်ငံ ပိုင်သတင်းစာ များက ဧပြီ ၂၃ ရက်နေ့က ဝေဝေဆာဆာ ဖော်ပြခဲ့သည်။ တောင်ကိုရီးယားနိုင်ငံကို ၃ မိနစ်နှင့် ၄ မိနစ်အတွင်း ပြာပုံအဖြစ် ရောက်ရှိ သွားစေရန် မိမိတို့၏အသုံးပြုနည်းလမ်းအတိုင်း လုပ်ဆောင်သွားနိုင်ကြောင်း ကြုံးဝါးခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် သမ္မတ လီမြောင်ဘတ်နှင့် ပတ်သက်သည့် အကြောင်း ရှိသည်များကို   နှစ်ပေါင်းများစွာ သုံးသပ်လာကြသည်။

ပြီးခဲ့သော သောကြာနေ့ ဧပြီ ၂ဝ ရက်နေ့က ကင်အီဆွန်းရင်ပြင် ၌ ထောင်ပေါင်းများစွာ သောပြည်သူများ စုဝေးခဲ့ကြပြီး တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့် မဟာမိတ်များအား သုတ်သင်ရှင်းလင်းရေး ကြေွးကြော်ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် မြောက်ကိုရီးယားစစ်တပ်သည် ရန်သူ အမေရိကန် တို့အား တစ်ချက်တည်းနှင့် အလဲထိုးနိုင်သော အင်အားရှိကြောင်း မြောက်ကိုရီးယား၏ ဒုတိယဗိုလ်ချုပ်ကြီး ရီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စေ၊အခြားစစ်ရေးနည်းလမ်းအရဖြစ်စေ တောင်ကိုရီးယားနိုင်ငံကိုမကြာမီတိုက်ခိုက် လာနိုင်သည် ဟု ဆိုးလ်မြို့တော်၏ နိုင်ငံရေး ကျွမ်းကျင်သူများက ဧပြီ ၂၂ ရက်နေ့ထုတ်ဖော် ပြောကြားလိုက်သည်။ ထို့ကြောင့် ယခုလက်ရှိ အခြေအနေမှာ မထင် မှတ်သောအချိန်အတွင်း အာရှဒေသတွင် စစ်ပွဲတစ်ခု ပေါ်ပေါက်လာနိုင်ပြီး ဆရာကြီးများပင် ထိန်းသိမ်းမရ ဖြစ်လာနေသော တပည့်တစ်ဦးကို မည်သို့ ဆက်လက် ထိန်းထားကြမည်နည်းဟူသော သံသယ အတွေးများဖြင့် နိုင်ငံတကာ အကဲခတ်များက ရင်တမမဖြင့် နေ့စဉ်စောင့်ကြည့်နေကြရပေဦးမည်။

ကိုလင်းမာန်အောင်
Ref: CNN, AFP, Xinhua News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: