သံသရာစက်ဝိုင်း လည်နေသလား (Vicious Circle)


ဖွံ့ဖြိုးဆဲနိုင်ငံများ၏ Vicious Circle

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟာ နောက်ပြန်လှည့်နိုင်တဲ့ စက်ဝိုင်းပုံစံနဲ့နှိုင်းရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ အာဖရိက က တက် သစ်စ ဒီမိုကရေစီ အသွင်ကူးပြောင်း တဲ့နိုင်ငံတွေနဲ့တူသလို လက်တင်အမေရိက က နိုင်ငံတွေနဲ့လည်း တူပါတယ်။

သယံဇာတတွေ အမြောက် အမြား ရှိပြီး စီမံခန့်ခွဲမှုညံ့ဖျင်း၊ လာဘ်ပေးလာဘ်ယူ ထူပြောမှုတွေကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေမှာ ပြည်သူတွေက ဒီမိုကရေစီအရသာကို မခံစားရ ဘဲဖြစ်နေတဲ့ နိုင်ငံတွေ အများအပြားရှိသလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး (တစ်နည်း) ပြည်သူတွေ အမှန်တကယ် ရွေးချယ်တဲ့အစိုးရက ပြည် သူတွေ အတွက် တကယ်အကျိုးဖော်ဆောင် ပေးနိုင်တဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ချောမွေ့တဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်နိုင်ဘဲ အာဏာ ရှင်စနစ် ရဲ့အခြေခံ ၀ဲသြဃထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေကြရတဲ့ နိုင်ငံတွေ အများစုကတော့ ဆင်းရဲပြီး သယံဇာတကြွယ်ဝတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ လို နိုင်ငံတွေပဲ ဖြစ်ပါတယ်။


ဒီအတွက်အဖြေကို အခုချက်ချင်းတော့ ရှာလို့မရသေးပါဘူး။ မီးမရလို့ ဆန္ဒပြမယ်၊ အခု ချက်ချင်းတော့ အစိုးရက မီးမပေးနိုင်ပါဘူး။ လုပ်ခ မြှင့်ဖို့တောင်းမယ်၊ အလုပ်သမားတွေ တောင်းဆိုသလောက် အလုပ်ရှင်တွေ မပေးနိုင်သေးပါဘူး။ (သူတို့လည်း အခြားစရိတ်တွေနဲ့ ဘေးကျပ်နံကျပ်ပါ) ဒီဟာတွေအားလုံးရဲ့ အဓိကတရားခံက


အဂတိတရားလိုက်စားမှု ပြဿနာ(Corruption) ဆိုတာသူ ချည်းမလာပါဘူး။ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ပြဿနာ၊ (Mismanagement) တွဲလာပါတယ်။ Corruption ကြောင့် Mismanagement ဖြစ် ရတယ်။ Mismanagement ရှိလို့ Corruption ဟာ ကြီးထွားလာရတယ်။ ဒီနှစ်ခုကြောင့် ဆင်းရဲ ချမ်းသာ၊ အထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစားကြား ကွာဟမှုတွေကြီးထွား လာရပါတယ်။ ဆင်းရဲမွဲတေမှု ပြဿနာဟာ ဒီနှစ်ချက်ကနေ အခြေခံပေါက်ဖွားလာတာပါ။ ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟမှု၊ အခွင့်အရေးကွာဟမှုတွေ ကြီးထွားလာတယ်။ အကျိုးစီးပွား ထိပ်တိုက်တိုး မှုတွေ ခဏခဏ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နိုင်ငံအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ လူမှုရေး ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို မတည်ငြိမ်မှုတွေကနေ တစ်ဆင့် ဖိတ်ခေါ်နေတာကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဥပဒေစိုးမိုးရေး တာဝန်ယူရတဲ့အဖွဲ့အစည်းတွေရဲ့ ၀င်ရောက်စွက်ဖက်မှု များလာခြင်း၊ ဆိုးရွားတဲ့ ပြည်တွင်းစစ် အခြေအနေကို ဦးတည်စေခြင်း နဲ့ နောက်ဆုံးမှာ စစ်တပ်က အာဏာကို သိမ်းယူခြင်း (တစ်နည်း)အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အသက်သွင်းလိုက်ပြီ ဆိုရင်တော့ အာဏာရှင်စနစ်ရဲ့ ပထမဆုံးဆိုးကျိုးဖြစ်တဲ့ Mismanagement ၊ ဒီကနေ Corruption  ဒီကနေ. . .။ ဒါကို သံသရာလည်နေခြင်းလို့ ခေါ်ပါတယ်။ ဒီသံသရာလည်ခြင်းကို ဘယ်နေရာက စဖြတ်မလဲ။ ဒါကအရေးကြီး ပါတယ်။

အခုပဲကြည့် လုပ်ခလစာတိုးမြှင့်ဖို့ ဆန္ဒပြပွဲတွေဟာ လူတန်းစားမညီမျှမှု၊ အခွင့်အရေး မညီမျှမှုကနေ ပေါက်ဖွားလာတာပါ။ Transaction & overhead charge (အခြားအပိုသုံး ကုန်ကျစရိတ်)တွေ များပြားတဲ့ အကြောင်းရင်းဟာ Corruption & Mismanagement ကြောင့် ဒီတော့ အလုပ်ရှင် တော်တော်များများ သူတို့ကိုက်အောင် ကုန်ကျစရိတ်ကို လျှော့ကြရတယ်။ ဒီလို လျှော့တဲ့နေရာမှာ တခြားလျှော့လို့မရတော့ လုပ်အားခမှာပဲ လျှော့ကြရတယ်။ ဒါကြောင့် မြန်မာပြည်မှာ လုပ်အားခ ဈေးချိုတယ်။ ထိုင်းနိုင်ငံရဲ့ ၂၅ ရာခိုင် နှုန်း၊ ဗီယက်နမ်ရဲ့ ၅၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဖြစ်နေရတာပါ။ တကယ်တော့ နယ်စပ်မှာတောင် လုပ်အားခက ထိုင်းနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း၊ ဗီယက်နမ်နဲ့ တန်းတူနီးပါး ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လုပ်အားခ ဈေးချိုတာ သဘာဝမကျပါဘူး။ ဒါပေမဲ့ တစ်ဦးချင်း ကုန်ကျစရိတ်(Cost of living)ဟာ ထိုင်းနိုင်ငံထက် များပြားပြီး ၀င်ငွေစံနှုန်းထက်စာရင် အာဆီယံနိုင်ငံတွေထက် မြင့်မားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လုပ်ကိုင်တဲ့ လူအများစု ကြီး(elite တချို့ကလွဲ)ဟာ လူတန်းစေ့ မနေနိုင်ပါဘူး။ အထူးသဖြင့် quality of life (လူ့ဘ၀ရဲ့တန်ဖိုး)အရသာ ကို တခြားအာဆီယံနိုင်ငံက ပြည်သူတွေလို ခံစားခွင့်မရရှိသေးပါဘူး။ ဒါပေမယ့် ဒီအတွက်အဖြေကို အခုချက်ချင်းတော့ ရှာလို့မရသေးပါဘူး။ မီးမရလို့ ဆန္ဒပြမယ်၊ အခု ချက်ချင်းတော့ အစိုးရက မီးမပေးနိုင်ပါဘူး။ လုပ်ခ မြှင့်ဖို့တောင်းမယ်၊ အလုပ်သမားတွေ တောင်းဆိုသလောက် အလုပ်ရှင်တွေ မပေးနိုင်သေးပါဘူး။ (သူတို့လည်း အခြားစရိတ်တွေနဲ့ ဘေးကျပ်နံကျပ်ပါ) ဒီဟာတွေအားလုံးရဲ့ အဓိကတရားခံက နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့ Corruption & Mismanagement ပါ။ ဒီအဓိကတရားခံကို မရှင်းထုတ်ဘဲ လိုချင်တာ တစ်ခုတည်းသာ သွားမယ်ဆိုရင်တော့ ခုနကပြောတဲ့ သံသရာစက်ဝိုင်းထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

စီးပွားရေးတိုးတက်မှု နှောင့်နှေးခြင်းနှင့် အဂတိတရား လိုက်စားမှု

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အရှိန်ဟာ အံ့သြစရာကောင်းလှသလို နိုင်ငံတကာက အံ့သြချီးကျူးကြတာ တကယ့်လက်ရှိ ပကတိအခြေအနေနဲ့တောင် မကိုက်ညီလောက်အောင် ဖြစ်ရပါတယ်။ မြန်မာနိုင်ငံ အကြောင်းသိချင်သူတွေ၊ မြန်မာနိုင်ငံကို လည်ပတ်ချင်သူတွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်သူတွေ အားလုံး အခုမြန်မာနိုင်ငံကို ရောက်လာပြီး ဘယ်လောက်ရာခိုင်နှုန်းက ကျေနပ်မှုအပြည့်နဲ့ ပြန်သွားတယ် ထင်ပါသလဲ။ နိုင်ငံရေး အရှိန်အဟုန်အတွက် ကျန်တဲ့ပြောင်းလဲမှုတွေက လိုက်မမီဘဲ ကျန်ခဲ့ရပါတယ်။ အထူးသဖြင့် စီးပွားရေးပိုင်းမှာ ဖြစ်ပါတယ်။ စီးပွားရေး ပိုင်းပြုပြင်ပြောင်းလဲမှုတွေမှာ အဓိက အကျဆုံး ပြုပြင်ပြောင်းလဲရမှာက Mismanagement နဲ့ Corruption ။ ခုနက အာဏာရှင်စနစ် သံသရာလည် ခြင်းမှာလည်း ဘယ်နေရာကစပြီးတော့ ဖြတ်ရမလဲဆိုရင် အဂတိလိုက်စားမှုနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း ကစပြီးပြုပြင် ရပါမယ်။ သမ္မတကြီးရဲ့ ပထမဆုံးမိန့်ခွန်းမှာပါတဲ့ clean Government Good governance ပဲပေါ့။ ဒါပေမဲ့ တစ်နှစ်ကျော်ကြာတဲ့ အထိတော့ ထင်သာမြင်သာတာတွေ မရှိသေးပါဘူး။

ဒါကြောင့် အစိုးရအနေနဲ့ တိုင်းပြည်နောက်ပြန် မသွားလိုဘူးဆိုရင် ဒီထက်ပို အလုပ်လုပ်ရပါမယ်။ အထူးသဖြင့် အဂတိတရား တိုက်ဖျက်ရေးမှာ ဒီထက်ပြင်းထန်တဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ လိုပါတယ်။ ဒါ့အပြင် အဂတိတရား တိုက်ဖျက်ရေး ကော်မရှင်လို ကော်မရှင်မျိုး ဖွဲ့စည်းဖို့ လိုပါတယ်။ ကျွန်တော့် ရဲ့ဆန္ဒအရဆိုရင်တော့ ကျွန်တော့် အနေနဲ့ဘယ်အဖွဲ့အစည်း၊ ဘယ်အသင်းအပင်း၊ ဘယ်နိုင်ငံရေးပါတီမှာမှ ဆောင်ရွက်လိုစိတ် မရှိပါဘူး။ ဒါပေမယ့် ဒီလို အဖွဲ့မျိုးပေါ်ပေါက်ခဲ့ရင်တော့ ကိုယ့်စရိတ် ကိုယ်ထည့်ဝင်ပြီး ၆ လတန်သည် ခေတ္တ၀င်ရောက် ကူညီဆောင်ရွက်လို ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအဂတိတရား လိုက်စားမှုကို ရှင်း မထုတ်ဘဲ ကျွန်တော်တို့နိုင်ငံရှေ့ဆက် သွားလို့ မရပါဘူး။

နမူနာတွေ

တကယ်တော့ အဂတိတရား လိုက်စားမှုဆိုတာ လာဘ်ပေးလာဘ်ယူ တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတ္တမာနတစ်ခုတည်းကို ကြည့်ပြီး ဆန္ဒအလျောက် ဆန္ဒဂတိကိုချိုးဖောက် ပြီး အာဏာကို အလွန်အကျွံသုံးတာ၊ အခွင့်အရေးကို မတရားရယူတာ၊ အကြောက်တရား(ဘယာဂတိ)ကြောင့် တိုင်းပြည်နဲ့ လူထုအတွက် ပြောသင့် ပြောထိုက်တာကို မပြောတာ၊ လုပ်သင့် လုပ်ထိုက်တာ မလုပ်တာကလည်း အဂတိတရားလိုက်စားတာပါပဲ။

Mismanagement နဲ့ Corruption အတွက် နမူနာတွေက အများကြီးပါ။ အခု လောလောဆယ် ပြည်သူတွေ အကြားမှာ Hot topic ဖြစ်နေတဲ့ လျှပ်စစ်မီးပြဿနာနဲ့ပဲ စပြီးထောက်ပြဝေဖန် ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး(အထူးသဖြင့်စွမ်းအင်ပြဿနာ)ဟာ ဈေးကွက်စီးပွားရေး စတင်ချိန်ကတည်းက စတင်ဖြေရှင်းဖို့ ကြိုးစားလာတဲ့ ပြဿနာပါ။ ၁၉၉၇ ခုနှစ် မှာ လျှပ်စစ်ဝန်ကြီးဌာန ဆိုပြီး ဌာန အသစ်ဖွင့်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားပေမယ့် ၁၉၉၉ လောက်ကစပြီး နွေရာသီဆိုအလှည့်ကျ မီးပေးခဲ့ရပါတယ်။ ၁၉၉၅ လောက်က စခဲ့တဲ့ တရုတ်နဲ့ချုပ်ဆိုတဲ့ MoU စာချုပ် ချုပ်ဆိုပွဲ၊ စက်ရုံဖွင့်ပွဲတွေမှာ ပြောခဲ့တဲ့စကားတွေ၊ အကြောင်းအရာတွေ ပါတဲ့ နှစ် ၂၀ အတွင်းက သတင်းစာတွေ ပြန်ဖတ်ကြည့်ရင် Mismanagement ဆိုတာ နားလည်လာပါလိမ့်မယ်။ ၁၉၉၅ လောက်ကတည်းက အာဏာရှိ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ပွဲစားကြီးတွေ အသိုင်းအ၀ိုင်းမှာ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ Commission ပွဲစားတွေနှစ် ၂၀ နီးပါးခြေ ချင်းလိမ်ခဲ့ကြပါတယ်။ တည်ဆောက် တဲ့ တရုတ်ကုမ္ပဏီတွေ၊ sub-contract ရတဲ့ မြန်မာခရိုနီကြီးတွေ၊ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တွေ၊ နီးစပ် သူတွေ၊ ၀န်ထမ်းကြီးငယ်တွေ၊ တွက်ချက်မှုတွေ ဘယ်လိုလွဲမှားခဲ့ကြသလဲ။ ဘယ်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်အထိ တိုးပွားလာခဲ့သလဲ၊ ဘယ်သူတွေ ချမ်းသာလာခဲ့သလဲဆိုတာ ကာယကံရှင်တွေပဲ ပိုသိပေမယ့် ကြုံတွေ့ခံစားဒုက္ခရောက်ကြရတာတော့ ဖယောင်းတိုင်လေးတွေကိုင်တဲ့ ပြည်သူတွေပါ။ ကျွန်တော်အဓိက ထောက်ပြချင်တာက Who is to blame? ဆိုတာထက် Who is Not to blame? ဆိုတာနဲ့ How to solve the problem? ပါ။ အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေးနဲ့ စီမံခန့်ခွဲမှုကောင်းမွန် ရေးအတွက် အဓိကအကျဆုံး အခြေခံကတော့ တာဝန်ခံခြင်း၊ တာဝန်ယူစေခြင်းနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်း (Accountability , Responsibility & Transparency) ပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရရင် အရင် အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းက အကြီးဆုံးဖြစ်တဲ့ ရဲရွာရေအား လျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အဓိကဖော်ဆောင်တဲ့ ကုမ္ပဏီ၊Sub-contractor ၊ ငွေပေးချေးပုံ၊ Bank Transaction တွေ ဘယ်လောက်ကျသလဲ၊ ဘယ်လောက် အကြွေးကျန်နေ သလဲ၊ မူလပေးနိုင်မယ့် လျှပ်စစ်ပမာ ဏကို ခန့်မှန်းတာက ဘယ်လောက်လဲ၊ အခုဘာကြောင့် မပေးနိုင်တာလဲ၊ ချွတ်ယွင်းချက်ရှိသလဲ၊ ဒီအတွက်တိုင်း ပြည်မှာ ဘယ်လောက်ထိခိုက် နစ်နာသွားသလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်လိုတာဝန်ယူမလဲ၊ ဘယ်လို အရေးယူဆောင်ရွက်မလဲ။

ပြည်သူကို တာဝန်ခံတဲ့ ပြည်သူ့ အစိုးရတိုင်းကို ဒီမေးခွန်းတွေ မေးစရာ မရှိပါဘူး။ အစောကြီးကတည်းက ပွင့်လင်းမြင်သာမှုတွေနဲ့သာ ပြည်သူကို ရှင်းပြခဲ့မယ်။ မီဒီယာတွေကို သတင်း ထုတ်ပြန်ခဲ့မယ်ဆိုရင် ဆုံးရှုံးနစ်နာမှု တွေမရှိနိုင်ဘူး။ လူထုသိနေပြီဖြစ်တဲ့ အတွက် လာဘ်ပေးလာဘ်ယူလည်း  ကြိုတင်ဟန့်တား ထားပြီးဖြစ်သလို အရေးယူရတာမျိုးလည်း နည်းလာနိုင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းတွေ၊ အချက်အလက်တွေသာ ရှိရင် သတင်းမီဒီယာတွေ အနေနဲ့ အချက်အလက် မှားယွင်းမှုတွေ လျော့နည်းလာမယ်။ တကယ်တော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ accuracy (တိကျမှု) က အရေးကြီးပါတယ်။ ဒါမှတိုင်းပြည် အတွက် ဆုံးရှုံးနစ်နာမှုတွေ လျော့နည်းမှာပါ။

ခရိုနီစီးပွားရေးပုံစံ

မြန်မာ့စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်မလာရခြင်းရဲ့အဓိက အကြောင်းအရင်းတွေထဲမှာ Mismanagement နဲ့ Corruption တို့တင် မဟုတ်ဘဲ စီးပွားရေးပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်တဲ့ ခရိုနီစီးပွားရေးပုံစံလဲ ပါဝင်ပါတယ်။ ခရိုနီတွေ ဘယ်လိုစီးပွားရေးတွေ ဖြစ်ထွန်းခဲ့သလဲ။ ဘယ်လိုချမ်းသာ လာခဲ့ကြသလဲ။ တချို့က ခရိုနီစီးပွားရေးကို ပြစ်ပယ်ဖို့ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးဖို့ ကြိုးစားပေမယ့်၊ တချို့ကအခုထိ အခွင့်အရေးအပေါ် သာယာပြီး လောဘဇောတက်နေဆဲ ဖြစ်သလို ခရိုနီအလွှာကလည်း ဒီတစ်နှစ်အတွင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့တာကို တွေ့ရပါတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: