ကျောက်တော်မြို့ အတွင်းရှိ အဝေးပြေးယဉ် ရပ်နားစခန်းကိုမြို့တွင်းမှ မြို့ပြင်သို့ ပြောင်းရွှေ့ ခြင်းကြောင့် ဒေသခံများ အခက်ကြုံ နေရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်းရှိ အဝေးပြေး ယဉ်ရပ်နားစခန်းကို မြို့တွင်း ရွာမ ရပ်ကွက်၊ အလယ်စုမှ မြို့ပြင်ရှိ ပိုက်သည် ရပ်ကွက် သို့ ပြောင်းရွှေ့ ထားလိုက်သည့်အတွက် ဒေသခံပြည်သူများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

ယခင်က ရန်ကုန်-စစ်တွေ အဝေးပြေး ယဉ်ရပ်နားစခန်းကို ကျောက်တော်မြို့၊ ရွာမ ရပ်ကွက်၊ အလယ်စုတွင် ထားရှိရာမှ မြို့တွင်း လမ်းများပျက်စီးခြင်း မှ ကာကွယ်ရန်နှင့် ကစ္ဆပနဒီမြစ် (ကုလားတန် မြစ်ကြောင်း) သန့်ရှင်း လှပရေးလုပ်ငန်းကို အကြောင်းပြပြီး မြို့ပြင်ရှိ ပိုက်သည် ရပ်ကွက် သို့ ပြောင်းရွှေ့နေရာ ချထားမှုကြောင့် ဒေသခံ လက်လုပ်လက်စား ပြည်သူများနှင့် အဝေးပြေး ယဉ်ရပ်နားစခန်းကို အားထားလုပ်ကိုင် စားသောက်နေ သည့် ဈေးဆိုင်သည်များ အခက်အခဲဖြင့် ရင်ဆိုင် နေကြရတယ်လို့  Arakan Review သို့ သတင်းပေးပို့မှုအပေါ် ကျောက်တော်မြို့၊ ရွာမ ရပ်ကွက် ရှိ ဒေသခံ ပြည်သူ တစ်ဦးဖြစ်သည့် ကိုမောင်ဝင်းစိုး အား ဆက်သွယ် မေးမြန်းခဲ့ရာ –

“ဟုတ်ပါတယ်။ အဝေးပြေး ယဉ်ရပ်နားစခန်းကို ပြောင်းရွှေ့တာတော့ နည်းနည်းကြာပါပြီ။

ရက်ကိုတော့ အတိအကျ မပြောနိုင်တော့ပါ။ အစိုးရက ဂိတ်ပြောင်းတယ်လို့ ပြောတာက နာမည်ပါ။ ပိုက်သည်ရပ်ကွက်မှ တချို့ လူနေအိပ်တွေကို ဖယ်ရှားပေးရတယ်၊ ဒေသခံ ပြည်သူတွေရဲ့ ဘိုးဘွားပိုင် မြေတွေကို အစိုးရက မြေလွတ် မြေရိုင်းလို့ပြောပြီး သိမ်းပိုက်တယ်။ မြေစာရင်းဦးစီးဋ္ဌာနမှာ ဂရမ် ပေါက်မြေ မဟုတ်ဟုလည်း ပြောတယ်။ လျော်ကြေးလည်းမပေး၊ မြေသိမ်းခံ လူထုအတွက် မြေအစားထိုးလည်း မပေးဘဲ အကုန်လုံး သိမ်းတယ်။

မြေပိုင်ရှင်တွေဆီက မြေတွေ သိမ်းတာတောင် စကား ကောင်းကောင်း ပြောတာတွေ မတွေ့ရပါဘူး။

မင်းတို့က အစိုးရပိုင်တဲ့မြေမှာ နေကြတော့ အစိုးရက လိုအပ်တဲ့အချိန်မှာ မင်းတို့ဆီကနေ ပြန်ယူတာ။

အစိုးရကိုတောင် မင်းတို့ကျေးဇူးတင်ရမယ်လဲ၊ ဘာလဲ၊ ပြောတာတွေလည်းရှိပါတယ်။ အခုအချိန်မှာတော့ အရင်က အဝေးပြေးယဉ်နားစခန်းကို အဓိကထား လုပ်ကိုင်စားသောက်နေကြတဲ့ ရွာမ ရပ်ကွက်မှ ဒေသခံတွေမှာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ၊ မိသားစု ဘ၀ရပ်တည်ဖို့ ခက်ခဲလာကြပြီ။ တချို့ စီးပွားရေးသမားတွေဖြစ်တဲ့ စားသောက်ဆိုင် ပိုင်ရှင်တွေလည်း နောက်ထပ် ဆိုင်သစ်တွေကို ဂိတ်အသစ်မှာ ဖွင့်လှစ်နိုင်ဖို့  မြို့နယ် စည်ပင်ဦးစီး မှူး ဆီသွားပြီး ငွေထိုးနေကြရတယ်။

ငွေမထိုးနိုင်တဲ့ ဆိုင်ခန်း ပိုင်ရှင်တွေကတော့ မဲစနစ်လို့ဆိုပြီး သူတို့ချပေးတဲ့ နေရာတွေမှာ ဈေးဆိုင်တစ်ဆိုင်ကို ငွေကျပ် (၁၀၂၀၀၀၀- ဆယ် သိန်း နှစ်သောင်း) ပေးသွင်းနေရတယ်။

ကားဂိတ် ဖွင့်လိုသူတွေအတွက်တော့ ဂိတ်တစ်ခုအတွက် ငွေကျပ် (၁၀၅-တစ်ရာ့ငါးသိန်း) ပေးသွင်းနေရပါတယ်။

သူတို့ပြောတာကတော့ အဲဒီ ကားဝင်းကြီးအထဲမှာ လျှပ်စစ်မီးရရှိရေးကိစ္စ၊ မီးဘေးအန္တရာယ် ကာကွယ်ဖို့အတွက်လိုအပ်တဲ့ မီး သတ်ရေကန် နှစ်ကန် တူးမယ့်ကိစ္စ၊ ကားဂိတ်အတွင်း ရေမြောင်းတွေဖောက်မယ့် ကိစ္စနှင့် ခြံစည်းရိုးအတွက်ဆိုပြီး မြိုနယ် စည်ပင် ဦးစီမှူး၊ မြို့နယ် စည်ပင် အိင်ဂျင်နေယာ၊ ဋ္ဌာနဆိုင်ရာ လူကြီးတွေနှင့် ဂိတ်မှူးလို့ဆိုတဲ့ စစ်မှူးထမ်းဟောင်း အဖွဲ့တွေက လည်း ငွေလာကောက်တာတွေ စုံနေပါတယ်။

အခုထိတော့ ဘယ်လျှပ်စစ်မီး၊ ဘယ်မီးသတ်ရေကန်၊ ဘယ်ရေမြောင်း၊ တွေကိုတူးဖေါ်တာ အကောင်အထည်ဖော်တာတွေ မရှိသေးပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: