ENIAC Computer ၏ ပြိုဂရမ် ပညာရှင် Jean Jennings Barktik


Jeannings Bartik

အလွန်ရှေးကျလှတဲ့ ENIAC ကွန်ပျူတာကြီး လည်ပတ်ဆောင်ရွက် နိုင်ဖို့အတွက် အသက်သွင်းပေး ခဲ့ကြတဲ့ မူလပထမ ပရိုဂရမ်မာတွေထဲက တစ်ယောက်ဖြစ်တဲ့ Jeannings Bartik တစ်ယောက် ၂ဝ၁၁ ခုနှစ် မတ်လ ၂၉ ရက်နေ့၊ အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်သွားရှာပြီ ဖြစ်ပါတယ်။

အဲဒီခေတ် အဲဒီအချိန်က ရှားရှားပါးပါးထူးချွန်တဲ့ အမျိုးသမီးတစ်ဦး  ဖြစ်ခဲ့သလို ပရိုဂရမ်ရေးသားမှု လုပ် ငန်းတွေ စတင်မွေးဖွားပေါ်ထွန်းချိန်မှာ အထင်ကရပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်တဲ့အတွက် ကွန်ပျူ တာလောကမှာ Bartik ဟာ အထင်အရှား ဖြစ်ခဲ့ ရပါတယ်။

၁၉၄၅ ခုနှစ်မှာ သင်္ချာဘာသာ အဓိကနဲ့ ဘွဲ့ရပြီးတဲ့နောက် ပင်ဆူဗီးနီးယားတက္ကသိုလ်က သူမကို ဖိတ်ခေါ်ကာ  အထူးတာဝန်တစ်ရပ်ပေး ခြင်းခံခဲ့ရတယ်။ အဘာဒင်းမှာရှိတဲ့ တပ်မတော်စစ်လက်နက် ဌာနမှာ အထူးတာဝန်ယူပေးအပ်ခဲ့ခြင်းပဲဖြစ်တယ်။ အဲဒီအချိန်မှာ ENIAC ကွန်ပျူတာကြီးကလဲ တည်ဆောက်ပြီး စီးစကာလ ဖြစ်နေပြန်တော့ ကွန်ပျူ တာကို အသုံးချ စစ်ဘက်ဆိုင်ရာ ပရို ဂရမ်တွေ ကို ရေးသားဖန်တီးခိုင်းတယ်။ အထူးသဖြင့် စစ်လက်နက် ဖြစ်တဲ့ ဒုံးကျည်တို့၊ အမြောက်ကျည် တို့ကို ပစ်လွှတ်လိုက်ရင် ဘယ်လိုပစ် မှတ်ကို ဘယ်လိုပုံစံနဲ့ တိုက်ခိုက်ဖျက်  စီးနိုင်မလဲဆိုတဲ့ အခြင်းအရာ ကို လေ့ လာတွက်ချက်ဖို့ ဒီပရိုဂရမ်ကို ရေးသားဖို့တာဝန်ပေးခဲ့တာတွေ့ကြရတယ်။

ရူပဗေဒ သဘောအရ အဝေးကို အရှိန်နဲ့ပြေးထွက်သွားတဲ့ အရာဝတ္ထု တစ်ခုကို ဘယ်လိုလားရာနဲ့ ဘယ်လို အနေအထားကနေ ပစ်လွှတ်ရင် အရှိန်နဲ့ဝတ္ထုအလေးချိန် သဘာဝ အရတဖြောင့်တည်း မသွားနိုင်တာဟာ ကမ္ဘာမြေရဲ့ ဆွဲအားနဲ့အတူ အောက်သို့တဖြည်းဖြည်းချင်း နိမ့်ကာ ပစ်မှတ်ကို ရောက်ရှိသွားတဲ့သဘာဝကို သင်္ချာပညာရှင်တွေ လူအင်အားသုံးပြီး တွက်ချက်ကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်တွေက ရက်နဲ့ချီ ပြီးကြာသွားနိုင်တယ်။ ကွန်ပျူတာနဲ့ တွက်ချက်နိုင်ရင် အချိန်တိုအတွင်းမှာ အဖြေထွက်နိုင်ပြီး မတူညီတဲ့ အဖြေများကိုလဲ နှိုင်းယှဉ် စစ်ဆေးပေးနိုင် တယ်။

အသင့်တွက် ချက်နိုင်မယ့် အသုံးချ ပရိုဂရမ်တွေကို ကမ္ဘာ့ပထမဆုံး ကွန်ပျူတာကြီးအတွက် ပထမဆုံး ပရိုဂရမ်မာတွေ စုစည်းမိကြတဲ့အချိန်မှာ Bartik ကို တညီတညွတ်တည်း ရွေးချယ်တာဝန်ပေးကြတယ်။ နောင်အခါ အဆိုပါကွန်ပျူတာကြီးကို အသုံးချပြီး ရေးသားရာမှာလဲ ပါဝင်ခဲ့ပါသေး တယ်။ BINAC နဲ့ UNIVAC 1 ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ကြရာမှာလဲ ပါဝင်ခဲ့သူဖြစ်တယ်။

ENIAC ကွန်ပျူတာကြီးနဲ့ အလုပ်လုပ်ခဲ့ကြတဲ့ ပရိုဂရမ်မာအဖွဲ့ သားတွေထဲမှာ နောက်ဆုံးအချိန်အထိ မပျက်မကွက် ပါဝင်ခဲ့သူဖြစ်တဲ့ အတွက် ရှေ့မီနောက်မီ ပညာရှင် တစ်ဦးဖြစ် အသိအမှတ်ပြုကြတယ်။ ပြောကြစတမ်းဆိုရင် ENIAC ကွန်ပျူတာကြီးကို အခြေခံပြီးခေတ်သစ် ကွန်ပျူတာ စနစ်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ရတာပါ။ ဒီ ENIAC ကွန်ပျူတာကြီးကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ လရောက်တဲ့အခါ ပင်ဆူဗီးနီးယား တက္ကသိုလ်မှာ အများမြင်တွေ့နိုင်ဖို့ ပြသထားခဲ့တယ်။

အဲဒီခေတ် အဲဒီအချိန်က သတင်းစာတိုင်းမှာ ဒီကွန်ပျူတာကြီး အကြောင်း အမျိုးမျိုးအမွှမ်းတင်ရေး သားခဲ့ကြပေမယ့်  Bartik အပါအဝင် သူမနဲ့ အတူ လုပ်ကိုင်ခဲ့ကြတဲ့ ပရို ဂရမ်မာတွေအကြောင်း ဖော်ပြခဲ့တာ မတွေ့ပါ။

တကယ်တော့ ကွန်ပျူတာဆိုတာ ပရိုဂရမ်မရှိရင် သက်ဝင်လှုပ်ရှားဖို့မဖြစ်နိုင်ပါ။ ဒီလိုပဲ ပရိုဂရမ်တွေမရှိရင် ကွန်ပျူတာက ဘယ်သူ့အတွက် ဘာမှလုပ်ကိုင်ပေးနိုင်မှာ မဟုတ်တာကိုဘဲ ဒီအချိန်က နားလည်သဘောပေါက်သူ အလွန်နည်းပါးခဲ့တယ်။ ဒီလို မသိနားမလည်မှုကို ဂျော့ဝါရှင်တန် တက္ကသိုလ်က နည်းပညာဆိုင်ရာ သမိုင်းသုတေသီလဲဖြစ် IEEE Computer Society က ဒုတိယ ဥက္ကဋ္ဌလဲဖြစ်တဲ့ David Alan Grier က ပြင်းပြင်းထန်ထန် ထောက်ပြ ဝေဖန်ခဲ့ဖူးတယ်။

Bartik က နောင်အခါ အဆင့် မြင့်နည်းပညာများကို ရေးသားထုတ် ဝေလေ့ရှိတဲ့ Auerbach Publishers လုပ်ငန်းမှာ အယ်ဒီတာတစ်ဦးဖြစ်လာ ခဲ့တယ်။ အဲဒီကနေ Data Decisions ဌာနကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ ပြန်တယ်။ ဒီနေ့ခေတ်မှာ လူသိများတဲ့ Gartner Group ဆိုတဲ့ သုတေသန အဖွဲ့အစည်းဟာ အဲဒီအချိန်တုန်း က Datapro Research ဆိုတဲ့ အမည်နဲ့ ရပ်တည်ခဲ့တဲ့ Data Decision ရဲ့ ပြိုင်ဖက်အဖွဲ့အစည်းဖြစ်တယ်။

Data Decision ကို ၁၉၈ဝ ခုနှစ်မှာ Elizabeth Mc Keoum Sussman နဲ့ Sandra Eisenberg တို့က တည်ထောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်ကျမှ  Bantik က ပါဝင်လာခဲ့ တာဖြစ်တယ်။ ၁၉၈၅ ခုနှစ်ရောက်တဲ့အခါ Data Decision ကို Mc Graw-Hill က ဝယ်ယူလိုက်တယ်။

Bartik မှာ နှစ်ပေါင်း ၆ဝ ကျော် ခင်မင်ခဲ့ရတဲ့  Kathleen Kay Antonelli ဆိုတဲ့ သူငယ်ချင်းရှိခဲ့တယ်။ ENIAC မှာ စတင်ဆုံစည်းခဲ့ကြပြီး သေဆုံး တဲ့ အချိန်အထိ အစဉ်တစိုက် ခင်မင်ပေါင်းသင်းခဲ့တာကလဲ မှတ်ကျောက်တင်စရာ ဖြစ်ကြရတယ်။

Bartik ရဲ့ ပညာအရည်အချင်း ကို လေ့လာကြည့်မယ်ဆိုရင် ပထမ ဆုံး သင်္ချာအဓိကနဲ့ အရှေ့မြောက်ပိုင်း မစ်ဇူရီပြည်နယ် ဆရာအတတ် သင် ကောလိပ်က ဘွဲ့ရခဲ့ပြီး ပင်နီ ဆူဗီးနီယားတက္ကသိုလ်ကနေ မဟာ သိပ္ပံဘွဲ့ရခဲ့တယ်။ နောင်အခါ မစ်ဇူရီပြည်နယ် တက္ကသိုလ်က သိပ္ပံ ပညာရပ် ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလဲ ချီးမြှင့်ခြင်းခံခဲ့ရ ပါသေးတယ်။

ခေတ်ဦး ကွန်ပျူတာလောကမှာ  ကျင်လည်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ စာပေရေးသားမှုမှာလဲ ဝါသနာ အလျောက်လုပ်ကိုင်ခဲ့တဲ့အတွက်  Bartik ကို မသိသူ မရှိသလောက် ဖြစ်ခဲ့ရပါကြောင်း တင်ပြလိုက်ရပါတယ်။

ဝင်းစံ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: