ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး – Free SIM Card for Burmese travellers to Bangkok


ရန်ကုန်လေဆိပ် နှင့် ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အခမဲ့ ဝေငှနေသည့် ဖုန်းကတ်များ (ဓာတ်ပုံ – မိုးမခ)

ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက် ရှိသည်။

ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။

အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့်အသုံးပြုနိုင် သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။

ကြော်ငြာတွင် ဖော်ပြထားချက်အရ တခြား ကုမ္မဏီများနည်းတူ ခေါ်ဆိုခ သက်သာကြောင်း သိရသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးတွင်လည်း True Move ကုမ္မဏီက ဆင်မ်ကတ် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

မြန်မာသံရုံးသည် မြန်မာပြည်သားများနှင့် နေ့စဉ်လိုလို စည်ကားနေသဖြင့် စားသုံးသူထံ တိုက်ရိုက်ရောက်ရှိသော ဖြန့်ဝေနည်း ဖြစ်သည်။

အခွန်ဆောင်ရန်၊ ပတ်စ်ပို့ နှင့် ထောက်ခံချက်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သံရုံးသို့ ရောက်လာသော မြန်မာပြည်သား အရေအတွက်မှာ နေ့ စဉ် ရာနှင့်ချီ ရှိသည်ကို တွေ့နေရသည်။

မြန်မာပြည်သားတို့ကို ပစ်မှတ်ထားသော True Move ဆင်မ်ကတ် ကြော်ငြာသည်လည်း မြန်မာဘာသာဖြင့်ပင် ရေးသားထားကို တွေ့ရသည်။ True Move ကုမ္မဏီတွင် မြန်မာဝန်ထမ်းကို ခန့်ထားသဖြင့် မြန်မာဘာသာဖြင့် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်ဟု ကြော်ငြာက ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: