အာဂျင်တီးနားတွင် အသစ်ထုတ် ပီဆို ၁၀၀ တန်၌ သမ္မတကတော်ဟောင်း အီဗီတာ၏ မျက်နှာပုံထည့်သွင်း၊ အနှစ် ၂၀၀ အတွင်း ငွေစက္ကူ၌ အမျိုးသမီးပုံကို ပထမဆုံးအကြိမ် ထည့်သွင်းခြင်းဖြစ်


အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက ပီဆို ၁၀၀ တန်ကို ပြသနေစဉ် Photo:AFP

အာဂျင်တီးနားတွင် နိုင်ငံသုံး ငွေကြေးပီဆို ၁၀၀ တန်ထုတ်ဝေရာ၌ အာဂျင်တီးနား၏ လူသိများထင်ရှားသော သမ္မတကတော်ဟောင်းဖြစ်သည့် အီဗီတာ မျက်နှာပုံကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

အမည်ပြောင် အီဗီတာဟု လူသိများသော အီဗာပီရွန်မှာ လာမည့်သီတင်းပတ်များအတွင်း ထုတ်ဝေမည့် ပီဆို ၁၀၀ တန်များတွင် ပါဝင်လာတော့ မည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ယင်းသို့ ထည့်သွင်းရခြင်းမှာ အီဗာသည် ပြီးပြည့်စုံသူ သို့မဟုတ် သူတော်ကောင်းတစ်ဦးဖြစ်နေ၍ မဟုတ်ကြောင်း၊ သူ့ကို ကြီးမြတ်စေသော၊ မေ့ဖျောက် ရန် မစွမ်းနိုင်သော အရာမှာ အီဗာသည် ပြည်သူများအတွက် နှိမ့်ချမှုရှိပြီး ထောင်လွှားမှု မရှိသူတစ်ဦးဖြစ်၍ဖြစ်ကြောင်း ဖာနန်ဒက်ဇ်က ငွေစက္ကူသစ် ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။ (more…)

Advertisements

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ


မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။

ခေါင်းတွင်တပ်ရသော ကင်မရာက မျက်လုံးလှုပ်ရှားမှုကို ဖတ်ကာ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် စာထင်လာစေခြင်း၊ ပုံဆွဲနိုင်ခြင်းတို့ ကို ပြုနိုင်ပြီဟု သိရသည်။ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမပြုနိုင်တော့ သူများအတွက် စီအင်န်အာအက်စ် အင်စတီကျုမှ ယန်းလောရင်းဆူကဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်ကိုသုံးတတ်စေရန် နာရီဝက်မျ လေ့ကျင့်သင်ကြားပေးမှုသာလိုအပ်သည်ဟု ဆိုသည်။  (more…)

်ရေရှည်တွင် မတင့်တော်၍ စစ်တွေ၌ အရပ်ဘက် လုံခြုံရေးများကို ပြန်လည်ရုတ်သိမ်း


ပင်လယ်ကွေ့တွင် မောင်းသူမဲ့ရေငုပ်သင်္ဘော အမေရိကန်ချထား



ဟော်မုဇ်ရေလက်ကြားတွင် လှုပ်ရှားနေသည့် အီရန်တော်လှန်ရေး အစောင့်တပ်မှ အမြန်ရေယာဉ်တစ်စင်း။
ဓာတ်ပုံ – အေအက်ဖ်ပီ

ဝါရှင်တန် – ဟော်မုဇ်ရေလက်ကြား၌ အီရန်နိုင်ငံ၏ ရေမြှုပ်မိုင်းများ ချထား၍ ပိတ်ဆို့ခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်သည် မောင်းသူမဲ့ ရေငုပ် သင်္ဘောငယ်များကို ပင်လယ်ကွေ့ အတွင်းချထားပြီးဖြစ်ကြောင်း အရာရှိများက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောသည်။

ပါရှားပင်လယ်ကွေ့နှင့် အာရေဗျ ပင်လယ်အတွင်း ဆီးဖောက်စ်ဟု အမည်ရသည့် မောင်းသူမဲ့ မိုင်းရှင်း ရေငုပ်သင်္ဘောကို ချထားပြီး ဖြစ်သည်ဟု ရေ တပ်အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ (more…)

ငြိမ်းချမ်းစွာ နေလိုကြလျှင် (၁)


ကျွန်တော် ဤဆောင်းပါးကို ရေးချင်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရေး ဖြစ်ခဲ့ပေ။ ယခုအချိန်တွင် မရေး၍ မဖြစ်တော့သော အကြောင်းများက ဖန်တီးလာခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ယခုလက်ရှို ဖြစ်ပေါ်နေသောအရေးကိစ္စ၊ ပြဿနာများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဖြင့်နေ လိုကြလျှင် ဘင်္ဂလီမူ ဆလင်များအနေဖြင့် သူတို့၏ စိတ်ဓါတ်နှင့် ပြုမူနေထိုင်ပုံ များစွာကို ပြောင်းလဲပစ်ဖို့ လိုပေ လိမ့်မည်။ ထိုအချက်များကို မပြုပြင်၊ မပြောင်းလဲသမျှ ကာလပတ်လုံး ရခိုင်တွင်သာမက မည်သည့်နေရာ၊ မည်သည့်ဒေသ၊ မည် သည့်မြေပေါ်တွင်မျှ နေထိုင်၍ အဆင်ပြေမည်မဟုတ်ပေ။ အဓိက အားဖြင့် ရခိုင်ပြည်တွင် နေထိုင်ကြသော ဒေသခံ ရခိုင်လူမျိုးများနှင့် ပြည်ပမှဝင်ရောက်လာသော ဘင်္ဂလီကုလားများအကြားတွင် အခြေခံ လူ့ အဖွဲ့အစည်း တည်ဆောက်ပုံနှင့် လူနေမှုစရိုက်ချင်း ကွာခြားသည့် အချက်ပေါင်းများစွာ ရှိနေသည်။ (more…)

သတိတရား


သတိတရားဟူသည် သတိဟူသော ပါဠိဝေါဟာရနှင့် တရားဟူသော ပါဠိဝေါဟာရတို့ကို ပေါင်းစည်း၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။ သတိဟူ သည် ‘အောက်မေ့ခြင်း အမှတ်ရခြင်း၊ တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်း’ ဟူ၍ဖြစ် သည်။ တရားဟူသည် ‘မှန်ကန်မျှ တခြင်း၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် သတိတရားဟူသည် အတွေ့အကြုံများကို သင်ခန်းစာယူ၍ အသိဉာဏ် ဆင်ခြင်ဉာဏ်ပြည့်စုံခြင်းဟူသော အနှစ်သာရပင်ဖြစ်သည်။
(more…)

ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး – Free SIM Card for Burmese travellers to Bangkok


ရန်ကုန်လေဆိပ် နှင့် ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အခမဲ့ ဝေငှနေသည့် ဖုန်းကတ်များ (ဓာတ်ပုံ – မိုးမခ)

ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက် ရှိသည်။

ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။

အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့်အသုံးပြုနိုင် သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။ (more…)