လန်ဒန်၏ အရက်စက် အထူးဆန်းဆုံး အမျိုးသမီး လူသတ်သမား


လန်ဒန်၏ အရက်စက်ဆုံး လူသတ်သမား၏ အမှုကို နှစ်ပေါင်း ၁၃၁ နှစ်ကြာတွင် နောက်ဆုံး သက်သေခံပစ္စည်း တွေ့ရှိပြီးဖြေရှင်းနိုင်ပြီ ဖြစ်သည်။ လွန်ခဲ့သော အပတ်က ဒေးဗစ်အတင်းဘော့ရိုး၏ ဥယျာဉ်ခြံဝင်းအတွင်း မြေကြီးတူးဖော်ရာမှ ဦးခေါင်းခွံ တစ်လုံးကို တွေ့ရှိ ခဲ့ရပြီး အမှုအကြောင်း အမှန်တကယ် သိရှိခဲ့ရသည်။

အသတ်ခံရသူ အမျိုးသမီးမှာ အသက် ၅၅ နှစ်ရှိပြီး ဂျူလီယာမာသာ သောမတ်စ်ဆိုသူ မုဆိုးမတစ်ဦးဖြစ်သည်။ သူမအား ၁၈၇၉ ခုနှစ် တွင် အိမ်ဖော်ဖြစ်သူ အမျိုးသမီး ကိတ်ဝက်စတာက လှေခါးပေါ်မှတွန်းချကာ လည်မျိုညှစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဝက်စတာသည် သောမတ်စ်၏ အလောင်းကိုခုတ်ထစ်ပိုင်းဖြတ်ကာ ချက်ပြုတ်၍ အဆီများအား အိမ်နီးချင်း အရပ်ထဲမှ ကလေးငယ်များအား စားစေခဲ့သောအမှု ဖြစ်ကြောင်း ဖော်ပြသည်။

ယုတ်မာရက်စက် သောလူသတ်တရားခံ ဝက်စတာမှာ နောက်ဆုံးကြိုးစင်သို့ပို့ပြီး သေဒဏ်ပေးခြင်းခံရသည်။ သူမခေါင်းဖြတ်ပြီး ဖျောက်ဖျက်ခဲ့သော ဦးခေါင်းခွံကို ယခု ပြန်လည် တွေ့ရှိခြင်းကြောင့် သိပ္ပံနည်းကျ စစ်ဆေးမှတ်တမ်းများအရ အသတ်ခံရသူ သောမတ်စ်၏ ဦးခေါင်း ခွံဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သောနှစ် အောက်တို ဘာလက သဘာဝ ရုပ်သံလွှင့်လုပ် ငန်းပညာရှင်တစ်ဦးဖြစ်သူ ဆာဒေး ဗစ်က ၄င်းအမှုဖြစ်ခဲ့သည့် အိမ်ကြီး ကို စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူပြီး အဆောက်အ အုံသစ်တစ်ခု တိုးချဲ့ဆောက်လုပ်ရန် အလုပ်သမားများ မြေတူးရာမှ ဦးခေါင်းခွံ တစ်ခု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝက်စတာသည် အသက် ၁၈ နှစ်တွင် လီဗာပူးတွင် ခိုးဝှက်မှုဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမ သည် အိမ်များတွင် ၅ နှစ်ခန့် အိမ် ဖော်လုပ်နေခဲ့ပြီး အလုပ်လုပ်ရာအိမ်များတွင်လည်း ခိုးဝှက်မှုဖြင့် အလုပ်ထုတ်ခံရကာ ၁၈၇၉ ခုနှစ်တွင် မစ္စသောမတ်စ်အိမ်သို့ ရောက်လာခဲ့ ပြီး အိမ်အကူအလုပ်ရခဲ့ခြင်းဖြစ်သည်။ သူမသည် ဆက်ဆံရေး ကောင်းသူတစ်ဦးဖြစ်သော်လည်း အရက်အလွန်အကျွံ သောက်လာပြီး သောမတ်စ်နှင့် စကားများရာမှ လူသတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ အလောင်းကို ဖျောက်ဖျက်ရန် မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းဖြင့် ဦးခေါင်းကို ဦးစွာလှီးဖြတ်လိုက်ပြီး အိတ်တစ်လုံး တွင် ထည့်ကာ မြေမြှုပ်ပစ်ခဲ့သည်။ ထို့ပြင် အလောင်းမှအသားများကို ခုတ်ထစ်ပြီး ကြေးနီအဝတ်လျှော် ဇလုံကြီးတစ်ခုဖြင့် ချက်ပြုတ်၍ အိမ်နီးချင်းကလေးငယ်များအား ကျွေးမွေးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

Leave a comment