ငလျင်ဒဏ်ခံ ရော်ဘာလွှမ်းခြုံထိန်း အနာဂတ်အဆောက်အအုံများ


အနာဂတ် ကာလတွင် အဆောက်အအုံမြင့်များ ငလျင်ဒဏ်ခံနိုင်ရည်ရှိစေမည့် နည်းပညာသစ်တစ်ခုကို ဗြိတိန် မှ သုတေသီများက စမ်းသပ်အကောင်အထည် ဖော်နေပြီဖြစ်သည်။

ရော်ဘာကို အဆောက်အအုံများတွင် လွှမ်းခြုံထိန်းကွပ်ပေးထားခြင်းဖြင့် ပြင်းထန်သော ငလျင်ကြီးများလှုပ် ခတ်ချိန်တွင် ပျော့ပြောင်း ယိမ်းထိုးနိုင်စေရန် စီစဉ်ထားခြင်းဖြစ်သည်။

မန်ချက်စတာတက္ကသိုလ်မှ သုတေသီများသည် အဆိုပါနည်းပညာအတွက် စမ်းသပ်မှုများတိုးတက် ဖြစ် ထွန်းနေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါက်တာ ၀ီလျံပါနဲလ်က ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ယခုသီအိုရီကြောင့် ငလျင်ကြီးများအတွင်း လူ အမြောက်အမြား သေဆုံးရခြင်းကို လျှော့ချနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ရော်ဘာအကာအကွယ် စွပ် ထားခြင်းသည် ငလျင်ကြောင့် အဆောက်အအုံ ပြိုကျသည့်အခါမျိုးတွင်လည်း အတွင်းရှိ လူအများအပြား ထိ ခိုက်မှုကို လျှော့ချပေးနိုင်မည်ဟု ဒေါက်တာပါနဲလ်က ယုံကြည်နေသည်။

“ထင်ရှားတဲ့ တိုးတက်မှုတွေတော့ ရှိလာပါပြီ။ လက်တွေ့ပိုင်းရော၊ သီအိုရီပိုင်းရောပေါ့။ လှိုင်းတွေရဲ့ ရိုက်ခတ်မှုကို တွက်ချက်ပြီး ကျွန်တော်တို့ ဒီစနစ်ကို စမ်းသပ်ခဲ့တာပါ။ ကျုံ့နိုင်ဆန့်နိုင်တဲ့ လှိုင်းတွေ၊ အသံလှိုင်းတွေရောရဲ့ သက်ရောက်မှုမျိုးကိုပေါ့”ဟု ဒေါက်တာ ပါနဲလ်က ပြောကြားသွားသည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်တက္ကသိုလ်တွင်လည်း ငလျင်ဒဏ်ခံနိုင်ရန်အတွက် အဆောက်အအုံများတွင် X-Ray ရောင်ခြည်ဖြင့်သာ မြင်နိုင်သော အလွှာတစ်ခု အုပ်ထားရန် လေ့လာ ကြိုးပမ်းနေသည်။ ယင်းအလွှာသည် ငလျင်မှ ထွက်ပေါ်လာသည့် ကြိမ်နှုန်းမတူညီသော လှိုင်းများ၏ သက်ရောက်မှု ကို ခံနိုင်စေမည်ဟု သုတေသီများက မျှော်လင့်နေကြသည်။

Source: DailyMail

Leave a comment