ဒုတိယ ရင်းနှီးမြှုပ်နှံမှု တိုးတက်နိုင်မည့် ဒေသမှာ ဒလ ဖြစ်လာနိုင်


နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု များစွာ ဝင်ရောက် လာပါက ရန်ကုန်မြို့တွင် ဒုတိယ ဖွံ့ဖြိုး တိုးတက် လာမည့် မြို့နယ်မှာ ဒလမြို့နယ် ဖြစ်မည်ဟု ရန်ကုန် စည်ပင်လမ်း၊ တံတားဌာနမှ အထက်တန်း အရာရှိတစ်ဦးက ပြောသည်။ အခု သန်လျင်ဘက်မှာ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ် ဆိုပြီးရှိတယ်။ သန်လျင်ပြီးရင် နောက်ဖြစ်လာ မယ့် နေရာကဒလဘက်ခြမ်း ဖြစ် နိုင်တယ် ဟု ၄င်းက ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ ပြားလာပါက ရန်ကုန်မြို့အပြင် ပဲခူးတိုင်းဒေသကြီးမှာ ဖွံ့ဖြိုးတိုး တက်မှုများ စွာဖြစ်ပေါ်နိုင်သော်လည်း ပဲခူးမြို့သို့ ရောက်ရှိရန် ဖြတ်သန်းသွားရသည့် ထောက်ကြန့်နှင့် လှည်းကူးမြို့များမှာ မြေနိမ့် ဒေသများဖြစ်ရာ မိုးတွင်းကာလ တွင် ရေဝပ်ခြင်းများဖြစ်ပေါ်ခြင်း ကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင် အများစုမှာ ဒလမြို့တွင် ရင်းနှီးမြှုပ် နှံရန် ပိုမိုစိတ်ဝင်စားနိုင်ကြောင်းနှင့် ဒလမြို့သည် ရန်ကုန်နှင့်အနီးစပ် ဆုံး မြို့လည်းဖြစ်သည့်အတွက် ကြောင့်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။ ရန်ကုန်-ဒလ ဆက်သွယ် ဖို့ကိစ္စကအကောင်အထည်ပေါ်လာ မှာပါ။ အခုကိုရီးယားနဲ့ ဆွေးနွေးမှု ကလည်းနှစ်ကြိမ်ရှိနေပါပြီ။ ဖြစ်လာ မယ့် အနေအထားရှိပါတယ် ဟု ၄င်းက ပြောသည်။

ရန်ကုန်စည်ပင်နှင့် ကိုရီးယား နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ဒလ- ရန်ကုန် ဆက်သွယ်ရန် ဆွေးနွေးမှု ပြုလုပ်ကြရာ ကြိုးတံတားနှင့် ဥမင် လိုဏ်ခေါင်း တစ်ခုခု ဆောက်လုပ် ရန်လျာထားသည်ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။ မြစ်ကြမ်းပြင်မှာ သင်္ဘောတွေ လှည့်လည်သွားတာ အဆင် ပြေဖို့ တိုင်တံတားဆောက်ဖို့ မရှိပါဘူး။ ကြိုးတံတား မဟုတ်ရင် ဥမင်လိုဏ်ခေါင်း ဆောက်မှာပါဟု ၄င်းက ပြောသည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု များပြားလာပါက ရန်ကုန်-ဒလ တံတား(သို့)ဥမင်လိုဏ်ခေါင်းဆောက် လုပ်ခြင်းအပြင် ရန်ကုန်ဘက်ခြမ်း ကဲ့သို့ ဒလမြို့နယ်တွင်လည်း သင်္ဘောများ ဆိုက်ကပ်ရန်ဆိပ်ကမ်း များဖြစ်လာနိုင်သည်ဟု ၄င်းက သုံး သပ်ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည် ဆိုခြင်းအပေါ် Unity အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးဇော်ဇော်က တံတား ဆောက်မယ်ဆိုပြီး ပြောသံတွေ ထွက်ကတည်းက ဒလအိမ်ခြံမြေ ဈေးတွေက အရင်ဈေးထက် ၅ဆ လောက်မြင့်သွားတယ်။ စီမံကိန်း အကောင်အထည် မပေါ်သေးတော့ အခုတော့ ဒီဈေးအတိုင်းပဲ ငြိမ်နေ တယ်။ တကယ်ဆောက်လုပ်ဖြစ် မယ်ဆိုရင် ရန်ကုန်မြို့လယ်ခေါင်နဲ့ အနီးဆုံးဖြစ်တဲ့ သာကေတမြို့နယ် ထက်ကို ဒလက အိမ်ခြံမြေဈေးတွေ က မြင့်သွားနိုင်တယ် ဟု ပြော သည်။

အစိုးရသစ် လက်ထက်၌ စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန် -ဒလ ဆက်သွယ်ရန် ကြိုးတံတား(သို့) ဥမင်လိုဏ် ခေါင်းဆောက်လုပ်ရန် အောက် တိုဘာလမှစ၍ ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် စတင်ဆွေးနွေး ခဲ့သည်။ သီလဝါရေနက်ဆိပ် ကမ်း ဒေသ အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးရေးအတွက် ကိုရီး ယားသမ္မတနိုင်ငံHANA INTERNATIONAL WC ဥက္ကဋ္ဌ နှင့် အဖွဲ့သည် ၁၀-၆-၂၀၁၀ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်အား တွေ့ ဆုံ၍ သီလဝါရေ နက်ဆိပ်ကမ်း ဒေသ အထူးစီးပွားရေးဇုန် စီမံကိန်းကို အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်ဆောင် ရန်စီစဉ်ခဲ့ကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ၂၀၁၁ နိုဝင်ဘာ တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

Leave a comment